KING- 22“King! King! King!”
နာမည်ခေါ်သံနဲ့ တိုက်ခန်းတံခါးကိုတဒုန်းဒုန်းထုသံက အဆက်မပြတ်။ King မျက်လုံးတွေ ဖျတ်ခနဲပွင့်သွားသလို ငုတ်တုတ်ထိုင်နေတဲ့ အဏ္ဏဝါကလည်း အခုမှနိုးလာပုံရပြီး မျက်လုံးတွေကိုပွတ်သပ်နေ၏။ King နေရာကထလိုက်မှ ခုတင်ပေါ်ရောက်နေမှန်းသိသည်။ မျက်မှောင်တွေတွန့်ကုတ်မိလိုက်ပေမယ့် မရပ်သွားတဲ့အသံကြောင့်အိပ်ခန်းထဲကထွက်ပြီး တံခါးပြေးဖွင့်ရသည်။
“ကိုဆန်းလွင်သူ!”
အံ့ဩပြူးကျယ်တဲ့မျက်ဝန်းတွေနဲ့ ကိုဆန်းလွင်သူအကြည့်တွေက King ရင်ဘတ်ဆီရွေ့လျားသွားသည်။ ရင်ဘတ် တစ်ခုလုံးပေါ်အောင် ကြယ်သီးတွေပြုတ်ထွက်ပြီး ဖရိုဖရဲဖြစ်နေတဲ့အင်္ကျီစနှစ်ဖက်ကို King ဆွဲစိလိုက်ရ၏။
“ကိုဆန်းလွင်သူ ဘယ်လိုဖြစ်လို့”
“King ကမှ ဘယ်လိုဖြစ်လို့ ဆက်သွယ်လို့မရတာလဲ”
“ဘယ်သူလဲအချစ်”
အိပ်မှုန်စုံမွှားလမ်းလျှောက်လာတဲ့ အဏ္ဏဝါ့ကိုယ်အပေါ်ပိုင်းကလည်း ဗလာကျင်းနေခဲ့၏။ King ပုခုံးကိုဆွဲဖက်ဖို့ လက်လှမ်းလိုက်တဲ့ အဏ္ဏဝါ့လက်ကို King ပုတ်ချမိသည်။ King ကိုကြည့်နေရင်း အဏ္ဏဝါ့ဆီက ရယ်သံသဲ့သဲ့ထွက်လာသည်။
“ကိုဆန်းလွင်သူကလည်းဗျာ မိုးတောင်မလင်းသေးဘူး လာခေါ်တဲ့အချိန်က။ အချစ်နဲ့နေရတဲ့အချိန်နည်းရတဲ့အထဲ”
“ဒါဆို King ကျွန်တော်နဲ့ပြန်မလိုက်သေးဘူးလား”
“လိုက်မယ် ခဏစောင့် ကိုဆန်းလွင်သူ”
ဧည့်ခန်းစားပွဲပေါ်ကဖုန်းကိုယူပြီးတဲ့နောက် အဏ္ဏဝါ့ကိုခြေဆုံးခေါင်းဆုံးတစ်ချက်ကြည့်ပြီးမှ King မဲ့ပြုံးပြုံးဖြစ်လိုက်သည်။
“အခုကြည့်တော့လည်း ဘာမှမဖြစ်သလိုပဲနော် အဏ္ဏဝါ။ နောက်မှအေးဆေးတွေ့တာပေါ့”
အဏ္ဏဝါက လက်ပိုက်ပြီး ပုခုံးနှစ်ဖက်တွန့်ပြ၏။ သွားတန်းပေါ်တဲ့အထိ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်တဲ့ နှုတ်ခမ်းတွေမှာ အနိုင်ရခြင်းပါသည်။ ဒီလိုဉာဏ်နီဉာဏ်နက်ပါတဲ့အပြုံးတွေကို King တကယ်မနှစ်သက်။ သနားတတ်တဲ့ King ရဲ့စိတ်ကို အသုံးချပြီး ဒီတစ်ညတာကို သူ့အနား King ကို မရရအောင်ထားခဲ့ခြင်းကဘာလဲ။
YOU ARE READING
KING
Actionကံတရားကနောက်တစ်ကြိမ်လှည့်စားခဲ့ရင်တောင် မင်းကကိုယ့်ဆီကိုပဲရောက်လာဦးမှာ ကံတရားကနောက်တစ်ကြိမ်လှည့်စားခဲ့ရင်တောင် မင်းကကိုယ့်ဆီကိုပဲရောက်လာဦးမှာ