“ဘယ်လိုဖြစ်တာလဲ King”

King ဆံပင်တွေထဲ လက်ချောင်းတွေနဲ့ထိုးဖွပစ်လိုက်မိသည်။

“ကိုဆန်းလွင်သူကရော ဘယ်လိုသိပြီးလိုက်လာတာလဲ”

“ဟန်စစ်သျှားပြန်မလာခင်တည်းက ကျွန်တော်ဖုန်းဆက်နေတာ။ အဆက်အသွယ်မရတော့ ဟိုတစ်ခါလို ဖြစ်တာများလားဆိုပြီး Titanium ဘက်ကိုတောင် ထပ်သွားကြည့်သေးတယ်။ ဟန်စစ်သျှားက သင်တန်းကျောင်းကိုတောင် အကူအညီတောင်းပြီး King ကိုလိုက်ရှာခိုင်းတာ။ မနက် သုံးနာရီလောက်မှ မသိတဲ့နံပါတ်နဲ့ ကျွန်တော့်ဆီစာဝင်လာလို့။ King အဏ္ဏဝါဇေယျတိုက်ခန်းရောက်နေတယ်ဆိုပြီးတော့။ ဘာလို့မှန်းမသိဘူး King က ဟန်စစ်သျှားကိုတောင် ဖုန်းဆက်မပြောတော့ Kaito နဲ့သောက်ပြီးအိပ်ပျော်သွားတာ Kaito ဖုန်းဆက်တယ်ဆိုပြီးပြောလိုက်ရတယ်”

ကိုဆန်းလွင်သူက ကားမောင်းနေရင်း စကားပြောလည်းမပြတ်။ King တစ်ယောက် Seat Belt ကိုတောင် မပတ်နိုင်တော့ပဲ ဖုန်းထုတ်ပြီး ပီအိုက်ဆီခေါ်ဖို့လုပ်ရသည်။

“ဟန်စစ်သျှားဆီ ဖုန်းခေါ်မလို့လား။ မခေါ်နဲ့တာ့ King။ မနက် ၆နာရီကို အစမ်းပြိုင်ပွဲရှိလို့ဆိုပြီး ကျွန်တော် King ဆီ လိုက်လာတော့ ထွက်သွားတာပဲ”

King လက်ကနာရီကိုကြည့်လိုက်တော့ ၆နာရီထိုးဖို့ ၁၅မိနစ်။ ခေါင်းကိုလှန်ချပြီးတဲ့နောက် King တစ်ကိုယ်လုံး အားမရှိတော့သလိုခံစားလိုက်ရသည်။

“King နဲ့ အဏ္ဏဝါဇေယျက”

“ကိုဆန်းလွင်သူကပါ ကျွန်တော့်ကိုမယုံဘူးလား”

King အသံမာသွားတာမို့ ကိုဆန်းလွင်သူက ကပျာကယာပဲခေါင်းခါသည်။

“King ကိုယုံတာ၊ မယုံတာနဲ့မဆိုင်တော့ဘူး။ ကျွန်တော့်စိတ်ထဲတစ်မျိုးပဲ King။ King နဲ့ အဏ္ဏဝါဇေယျ အတူတူရှိနေတာကို ကျွန်တော့်ဆီ message ပို့ပြီးပြောတယ်ဆိုတည်းက King နောက်ကိုလိုက်နေတဲ့သူရှိတာ။ ဒါမှမဟုတ်...”

ကားမောင်းနေရင်း King ဘက်လှည့်ကြည့်လာတဲ့ ကိုဆန်းလွင်သူနဲ့ မျက်လုံးချင်းဆုံသွားရသည်။

“အဏ္ဏဝါဇေယျ!”

King နှုတ်ထွက်စကားကို ကိုဆန်းလွင်သူကလည်း နားလည်သည်။ မျက်နှာကိုအရှေ့ ပြန်လှည့်သွားပြီး ခေါင်းညိတ်၏။

KING        Where stories live. Discover now