23

513 98 30
                                    

[Zawgyi]
Forevermore(ထာဝရထက်ပို၍)
အပိုင်း-၂၃

ဘတ်ဟျွန်း နိုးလာတော့ အနီရောင်ဝတ်စုံဝတ်ထားတာကိုမြင်တော့ ဝမ်ယောလ် ကိုတွေးမိပြီးပြုံးလိုက်သည်။ ဒီဝတ်စုံက ဝမ်ယောလ် ဝတ်စုံဖြစ်ပြီး ဝမ်ယောလ် ပဲ ဝတ်ပေးထားမှန်း သိသာနေသည်။

အိပ်ယာကနေ အပြင်ကို ထပ်ထွက်တော့ စည်းချထားတာကိုတွေ့လိုက်ရတာကြောင့်

'မင်းသား စည်းချသွားတာလား'

ဘတ်ဟျွန်း ကြည့်ကြည့်လိုက်တော့ အပြင်ကနေ ဘယ်သူမှဝင်လို့မရအောင် ပြုလုပ်ထားသော စည်းဖြစ်နေသည်။

ဘတ်ဟျွန်း ခေါင်းလေးငုံ့ပြီး ပြုံးလိုက်သည်။ဝမ်ယောလ် က အပြင်ကနေ ဘယ်သူမှ နှောင့်ယှက်လို့မရအောင် စည်းချပေးသွားသည်။ ဒါက ဘတ်ဟျွန်း ကို ကြည်နူးမှု လေး ဖြစ်စေသည်။ ပြီးနောက် အဝတ်လဲပြီး အပြင်ကိုထွက်လာခဲ့လိုက်သည်။

'မင်းသား မရှိဘူးပဲ'

ဘတ်ဟျွန်း ဝမ်ယောလ် အနောက်ကိုလိုက်သွားဖို့ အထိန်းတော်လေးတစ်ယောက်ကို မေးလိုက်ပေမဲ့

'မင်းသားဘယ်ကိုသွားလဲဆိုတာ သိလား'

သူ့တာဝန်က ဝမ်ယောလ် ကိုကာကွယ်ဖို့ဖြစ်တာကြောင့် ဝမ်ယောလ် အနားတွင် ရှိနေဖို့လိုအပ်သည်။ ထပ်ပြီး ဝမ်ယောလ် ကို မထိခိုက်စေလိုပေ။

'ဘာလုပ်မလို့လဲ'

အထိန်းတော်လေးက ဘတ်ဟျွန်း ကို ရန်ပြန်တွေ့သည်။

'ဒီတိုင်း....မင်းသားကိုမတွေ့လို့ပါ'

'မင်းက ကိုယ့်ကိုကိုယ်အထင်ကြီးနေပုံပဲ'

အထိန်းတော်နတ်သူငယ်လေးပြောသည့်စကားကို ဘတ်ဟျွန်း နားမလည်လို့ ကြောင်တောင်တောင်လေးကြည့်နေမိသည်။

'အိမ်ရှေ့စံမင်းသားရဲ့ အိပ်ယာပေါ်တက်နိုင်တာနဲ့ပဲ ကြင်ယာတော်ဖြစ်သွားပြီလို့ ထင်နေတာလား'

ထိုအထိန်းတော်လေးအပြင် တခြားနတ်သူငယ်တွေပါရောက်လာပြီး

'ထင်ချင်ရင်လည်းထင်မှာပေါ့။ သူက သူ့အစ်ကိုကိုတောင် သတ်ထားတာလေ'

'အဲ့တုန်းက စွမ်းအားမရှိတာတောင် မင်းသားကို ရအောင်လက်ထပ်နိုင်သေးတာပဲကို.....အခုလိုစွမ်းအားရှိနေပြီဆိုတော့ ပြောစရာတောင်မလိုတော့ဘူးလေ'

ForevermoreWhere stories live. Discover now