ရှုပေါ်စု ကတော့ သူ့ခေါင်း ပေါ်ကိုကျလာတဲ့ မေးခွန်း ကို သက်ပြင်းချ ကာ ပြောလိုက်တယ်။

" ငါက အဲ့နေရာကို အတွေ့အကြုံ ရအောင် သွားတာလေ။ မထင်မှတ်ပဲ သူနဲ့တွေ့ခဲ့တာပဲ''

ကျန်းရှုကတော့ လက်ဖက်ရည် သောက် နေရင်း ရယ်လုနီးပါးပဲ။ ဘာကို အတွေ့အကြုံ သွားရှာတာလဲ ။

ငါတို့အတူတူ အတွေ့အကြုံ ယူခဲ့တာ မဟုတ်ဘူး လား။

" ငါ့ကို ခြောက်နေတာပဲ နင်တို့က''

ရှဲ့မင်က အဖြေကို အတော်လေး ကျေနပ်သွား တာကြောင့် နောက်ထပ်မေးခွန်း တစ်ခုကို မေးလိုက်တယ် ။

" နင့်မှာ အခုရည်းစား ကောင်မလေး ရှိနေပြီလား? "

ရှုပေါ်စု က ခေါင်း ကိုငြိမ့်ပြ တယ်။

" ငါအခု ကြိုက်နေတဲ့ တစ်စုံတစ်ယောက် တော့ရှိတယ်''

ဒီတစ်ခါ မှာတော့ ပတ်ဝန်း ကျင် တစ်ခု လုံး တိတ်ဆိတ် သွားတော့ တယ်။

" နင်တို့ အခုထိ အတူမရှိကြ သေးဘူးမလား?''

ရှဲ့မင်က အေးခဲ သွားတယ်။

" ဒါဆို တစ်ခြား လူတွေမှာအခွင့် အရေး တစ်ခုရှိသေးတယ်မလား။ နင့်ကို အရမ်းကြိုက်နေတဲ့ သူငယ်ချင်း တစ်ယောက် ငါ့မှာ ရှိတယ်။ မိသားစုက တော့ နင်တို့လောက်မကောင်းပေ မယ့်သူမက နင်နဲ့အတော်လေး လိုက်ဖက်ပါတယ် ပြီးတော့ ဂုဏ်ရည် ကလည်း အဲ့လောက် မနိမ့်ပါဘူး''

" ဒီလက်ဖက်ရည်တွေက ဘယ်လိုတွေတောင်လား ။ သေမလိုအရသာ ကြီးပဲ''

ကျန်းရှုက လက်ဖက်ရည် ခွက် ကို ဆောင့်ချလိုက်တော့ ပတ်ပတ်လည်က လူတွေက သူ့ကိုကြည့်နေတာကို တွေ့လိုက် ရတယ်။

လက်ဖက်ရည် က မကောင်း ဘူးဆိုတာကို သူတို့လုံးဝ မယုံပေါင် ။

" ဘာလို့ ငါ့ကို ဝိုင်းကြည့်နေကြတာလဲ?''

ပြီးတော့ ကျန်းရှုက ရှုပေါ်စု ဘက်ကို လှည့်ကာ ပြောလိုက် တယ်။

" ငါ့မှာလည်း ငါကြိုက်တဲ့ လူတစ်ဦး ရှိတယ်။ ဆိုတော့ မင်းတို့တွေ နှစ်ရာချီပေါင်း များစွာပျော်ရွှင် ပေါင်းဖက်နိုင်ပါစေ ။ ပြီးတော့ ပြီးပြည့်စုံ တဲ့ သားလေး တစ်ယောက် စောစောမွေးကြပေါ့''

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now