"ကင်​မ်​​ဆော့ဂျင်​...ဟင်းမ်း.."

ရွက်​​ခြောက်​များအ​ပေါ်တွင်​ပက်​လက်​ဖြစ်​​နေ​သောနမ်​ဂျွန်းသည်​ ပါးရိုးအားအသာအယာကိုင်​ရင်းငြီးတွားသည်​။ဆော့ဂျင်​လည်းနမ်​ဂျွန်းအ​ပေါ်မှဆင်းပြီး သူ့ပါးရိုးအားခပ်​ဖွဖွထိ​တွေ့မိသည်​။

မျက်​ရည်​​တွေ​တောင်​ကျချင်​လာသည်​။

နမ်​ဂျွန်း၏လက်​ထဲမှကလစ်​ပိစိ​လေးအားဆွဲလုလိုက်​သည်​။ရင်​ထဲတွင်​တကယ်​ကိုနာကျင်​ပြီး နမ်​ဂျွန်း​ပြောလိုက်​​သောစကားအားပြန်​ကြား​ယောင်​တိုင်း အဓိပ္ပါယ်​​မဲ့စွာမျက်​ရည်​ကျသည်​။

"​ဆော့ဂျင်​...ငို​နေတာလား"

မျက်​လုံးအားဖိပွတ်​​နေ​သောသူ့လက်​များအား နမ်​ဂျွန်းကဆုပ်​ကိုင်​လာသည်​။ဆော့ဂျင်​ရုန်းမိပြီး​နောက်​ စာအုပ်​အငှါးဆိုင်​အတွင်းသို့​ပြေးဝင်​သည်​။သူ့အ​နောက်​သို့​ပြေးလိုက်​လာ​သောနမ်​ဂျွန်း၏​ခြေသံများအားကြား​နေရသည်​။

ရွက်​​ခြောက်​များအ​ပေါ်တွင်​ တံမြက်​စည်းနှစ်​​ချောင်းသည်​လဲလျက်​ကျန်​ရစ်​ခဲ့သည်​။

...

ဆော့ဂျင်​ ဦး​လေးကြီးချ​ပေး​သောတည်​သီးမှည့်​များအား​ခေါင်းမ​ဖော်​တမ်းစားသည်​။ဘေးနားတွင်​ဝင်​ထိုင်​လာ​သောနမ်​ဂျွန်းအား သတိထားမိသည်​။နမ်​ဂျွန်း၏ရှူးဖိနပ်​အဖြူအ​ပေါ်သို့တည်​သီးအခွံအားတမင်​တကာပစ်​ချသည်​။

ဆော့ဂျင်​၏နှာ​ခေါင်းထိပ်​သည်​နီရဲ​နေပြီး ကလစ်​က​လေးအားလက်​ထဲတွင်​တင်းကျပ်​စွာဆုပ်​ကိုင်​ထားဆဲဖြစ်​သည်​။မျက်​လုံး​ထောင့်​မှမသိမသာကပ်​ကြည့်​မိ​သော်​ ထုံးစံအတိုင်းစာအုပ်​တစ်​အုပ်​အားစိတ်​ပါဝင်​စားစွာဖတ်​​နေဆဲဖြစ်​သည်​။

"ငါ့လက်​ကိုင်​ပုဝါ​လျှော်​ပြီးပြီလား..."

"အဝတ်​​လျှော်​စက်​ထဲထည့်​ခဲ့တာပဲ.."

ဆော့ဂျင်​တည်​သီးကိုဝါး​နေရင်းမျက်​​မှောင်​ကျုံ့မိသွားသည်​။
သူ့လက်​ကိုင်​ပုဝါးနုနု​လေးကိုအဝတ်​​လျှော်​စက်​ထဲထည့်​စရာလား..?

TEENAGE LOVE STORY { NamJin } Completed !!!Where stories live. Discover now