ခါးနှစ်​ဖက်​ကို​ထောက်​လို့ထားပြီးမျက်​ခုံးကိုတွန့်​ချိုးထား​သော နမ်​ဂျွန်းကိုမြင်​​တော့​ဆော့ဂျင်​သွားစိပြပြီး အ​နောက်​သို့​ခြေတစ်​လှမ်းဆုပ်လိုက်​မိသည်​။နမ်​ဂျွန်း သူ့အနားသို့​လျှောက်​လာ​သောအခါ ​ဆော့ဂျင်​​ကောင်းကင်​အ​ပေါ်သို့​မော့ကြည့်​သည်​။

မဆက်​ဟက်​လိုက်​​လေခြင်း..။

နမ်​ဂျွန်းသည်​ သူ့ဆံပင်​လုံးလုံး​လေးကိုဆွဲဖွ​ပစ်​သည်​။ကလစ်​​သေး​သေး​လေးပါ​​ရွက်​​ခြောက်​များအ​ပေါ်သို့ပြုတ်​ကျသွားရသည်​။မလှုပ်​မရှပ်​ရှိ​နေ​သော​ဆော့ဂျင်​​ကြောင့်​ နမ်​ဂျွန်း၏ရယ်​သံခပ်​​ခြောက်​​ခြောက်​ကထွက်​​ပေါ်လာသည်​။

ဆော့ဂျင်​တံ​တွေးမြိုချမိသွားသည်​။အလွန်​နီးကပ်​​သောအ​ခြေအ​နေတွင်​ ​ဆော့ဂျင်​..သူနမ်​ဂျွန်းကိုအဘယ့်​​ကြောင့်​ ​ကြောက်​​နေမိမှန်းနားမလည်​နိုင်​။

"ဒီကလစ်​ကဘာလည်း..ဘယ်​ဂျူနီယာ​ပေးထားတာလည်း?"

အရွက်​​ခြောက်​အ​ပေါ်ရှိကလစ်​အားနမ်​ဂျွန်း​ကောက်​ယူလာကာ သူ့မျက်​လုံးများအားဆုံကြည့်​ရင်း​မေးသည်​။ဆော့ဂျင်​မသိမသာပြုံးလိုက်​မိသည်​။နှာရည်​အားရှုံ့မိပြီး နမ်​ဂျွန်း၏မျက်​လုံးများအားပြန်​ဆုံ​အောင်​ကြည့်​သည်​။

အကြံထုတ်​​နေရင်းပင်​ ရင်​တုန်​သွားသည်​။

"မင်း​ယောက္ခမကြီး..ငါ့​မေ​မေဆီက အလစ်​သုတ်​လာတာ"

"ငါမှမင်းကိုမကြိုက်​တာ.."

"မင်း..!!!"

အေးစက်​စွာ​ပြောလိုက်​​သောနမ်​ဂျွန်း၏​လေသံ​ကြောင့်​ ​ဆော့ဂျင်​​အောက်​နှုတ်​ခမ်းအားဖိကိုက်​မိပြီး​နောက်​ ​အော်​ဟစ်​သည်​။
အော်​ဟစ်​ရုံနှင့်​အားမရ​သောအခါ နမ်​ဂျွန်းအ​ပေါ်သို့​ဆော့ဂျင်​ခုန်​တက်​သည်​။မခံမရပ်​နိုင်​ဖြစ်​လွန်း၍ဖြစ်​သည်​။

ရုတ်​တရက်​အ​ခြေအ​နေဖြစ်​​သော​ကြောင့်​ နမ်​ဂျွန်း၏​ခြေတံရှည်​များယိုင်​ကုန်​ကြပြီး နှစ်​​ယောက်​သား​ရွက်​​ခြောက်​များအ​ပေါ်သို့ပြိုင်​တူလဲကျသည်​။နမ်​ဂျွန်း၏ပါးပြင်​နှင့်​​ဆော့ဂျင်​၏ပါးရိုး​ဆောင့်​မိသွားရသည်​။

TEENAGE LOVE STORY { NamJin } Completed !!!Where stories live. Discover now