"သမားတော်!! သမားတော်
မြန်မြန်လာခဲ့!!"

"လာပါပြီ လာပါပြီ"

"အင်း ဟင်း ရိပေါ်!"

"အင်း ကျုပ်ရှိတယ်
ခဏနေရင်သက်သာသွားမှာ
အိပ်လိုက်ဦး"

ရှောင်းကျန့်ကရိပေါ်ကိုယ်သင်းနံ့ရတာနဲ့ရိပေါ်ရင်ခွင်ထဲပိုတိုးဝင်ကာတအင်းအင်းနဲ့အိပ်ပျော်သွားပြန်သည်။ မာနကြီးတဲ့သခင်လေးကဒီလိုခိုကိုးရာမဲ့နေတော့လည်းရိပေါ်စိတ်မကောင်း။ ရင်ခွင်ထဲမှာသာပိုတင်းနေအောင်ဖက်ထားလိုက်တော့သည်။

သမားတော်ကလည်းလူနာကိုစစ်သူကြီးကရင်ခွင်ထဲကမထုတ်ပေးတာကြောင့်ဘယ်လိုစမ်းသပ်ရမယ်မှန်းမသိဖြစ်နေသည်။

"ဒီအတိုင်းဘဲစမ်းသပ်ပေး"

သမားတော်ကသွေးခုန်နှုန်းတွေစမ်းပြီးတာနဲ့ရှောင်းကျန့်လက်ပေါ်ကနေလက်ပြန်ရုတ်သည်။

"ဝမ်ကတော်ကအားနည်းပြီးဖျားသွားတာပါ
ဒီရက်တွေအတွင်းအာဟာရကောင်းကောင်းမွန်မွန်မစားရလို့ဖြစ်ပါလိမ့်မယ်"

ဝမ်ရိပေါ်ရဲ့ကုတ်ချိုးနေတဲ့မျက်ခုံးတွေကသမားတော်ရဲ့ဝမ်ကတော်ဆိုတဲ့အပြောကြောင့်အနည်းငယ်ပြေလျော့သွားခဲ့သည်။

"သူ့ကိုဘာတွေကျွေးရမလဲ"

"ကျွန်တော်မျိုးကတော့ဂျင်ဆင်းရည်တိုက်ချင်ပါတယ်
ဒါပေမယ့်ဂျင်ဆင်းကကျွန်တော်မျိုးမှာမရှိပါဘူး"

"အခုသူသက်သာအောင်ဘာတွေလုပ်ပေးရမလဲ"

"အခုဝမ်ကတော်တစ်ကိုယ်လုံးကိုရေပတ်တိုက်ပေးရပါမယ်
ပြီးတော့အာဟာရရှိတဲ့အသားဆန်ပြုတ်တစ်ခွက်လောက်တော့တိုက်စေချင်ပါတယ်
ကျွန်တော်မျိုးဆေးလည်းစပ်ပေးခဲ့ပါမယ်"

ဝမ်ရိပေါ်ကမမှောင်ခင်လေးအမဲလိုက်ထွက်လိုက်ချင်တယ်။ ဒါပေမယ့်ရှောင်းကျန့်ကိုကျန်တဲ့လူတွေနဲ့ရေပတ်တိုက်ခိုင်းဖို့ကျတော့ပိုပြီးတော့တောင်မဖြစ်နိုင်သေးတယ်။ ချောင်ချန်းနဲ့လည်းစိတ်မချဘူး၊ ကျန်တဲ့မင်းသမီးအစေခံတွေကိုခိုင်းဖို့ကျတော့လည်းပိုပြီးမဖြစ်နိုင်သေးတယ်။

"သခင်လေးကမာနကြီးလွန်းတယ်.."(COMPLETED)Where stories live. Discover now