" ကို့ကို ခွင့်ပြုဦးနော်..... နောက်မှ စင်ပေါ်မှာ တွေ့ကြတာပေါ့.... "
" ဪ ဟုကဲ့.... "
စူးစူးရဲရဲ တစ်ချက်စိုက်ကြည့်လျက် ထွက်သွားသော သူအား ဟုကဲ့ တစ်ခွန်းသာ ပြောလိုက်နိုင်သည်.....
သူ့အနောက်တွင်လည်း များလှစွာသော အစောင့်အရှောက်များဖြင့်......
ဒီလူ ဘယ်လိုလူလဲ.....?°
°
°
°
°" ဒီပွဲကို ကြွရောက်လာကြတဲ့ လူကြီးမင်းများကို ကျေးဇူးတင်ရှိပါတယ်.... ခု ကျွန်တော် လူကြီးမင်းတို့ကို အသိပေးစရာလေးရှိပါတယ် အဲ့တာကတော့ ကျွန်တော် Korea ကို ပြန်ပြန်ရောက်ချင်း ရင်းနှီးမြုပ်နှံဖို့ ဆုံးဖြတ်ထားတဲ့ Company ကို ကြေညာသွားမယ့်အကြောင်းလေးပါ...... အဲ့ Company ကတော့ Korea မှာ Top 1 အဖြစ်နာမည်ကြီးနေတဲ့ Jeon Group ပါပဲ....... ကဲ စင်ပေါ်ကိုတတ်လာခဲ့ပါ Kim Taehyung Shi...... "
လက်ခုပ်သံတဖြောင်းဖြောင်းကြား Taehyung စင်ပေါ်သို့ တည်ငြိမ်စွာ တတ်ခဲ့သည်.....
စင်အောက်တွင် ကျန်ရစ်ခဲ့သော ဥက္ကဌ Jeon ကတော့ ပီတိအပြုံးကြီးဖြင့် လက်ခုပ်တီးနေဆဲ......
Jungkook မှာတော့ အံ့ဩမှုတစ်လှည့် မနာလိုမှုတစ်ဝက်တို့ဖြင့်......
ဘေးနားရှိ Noona မှာလည်း မယုံကြည်နိုင်သော မျက်ဝန်းတို့ဖြင့် ကြည့်နေဆဲ.......
ထိုလူက Taehyung ပုခုံးအား လှမ်းဖက်လိုက်သောအခါ စီးပွားရေးလုပ်ငန်းရှင်များအဖို့ အံ့ဩခြင်းများစွာ ဖြစ်သွားကြရသည်.....
Taehyung မှာလည်း လူအများရှေ့မှာမို့ ရုန်း၍ မသင့်တော်....
စိတ်ထဲမှာတော့ တော်တော်လွန်တဲ့ လူပဲဟု တွေးနေမိသည်......
Jungkook မှာတော့ တစ်ခါမျှ မဖြစ်ဘူးသော ခံစားမှုနှင့်အတူ မေးကျောများထောင်လာသည်အထိ အံကြီးကြိတ်လျက်သား......
ဘာလို့လဲ သူနဲ့ ဘယ်လိုပတ်သက်နေတာလဲ......
သူ့မှာ ငါရှိနေတာကို...... ဟိုလူကရော ဘာမို့လို့....... ဒီလောက်ထိ ရင်းရင်းနှီးနှီး......
ဟိုကောင်ကရော ဘာလို့ ဒီလောက်ထိ ပြုံးပျော်နေရတာလဲ......
ငါ့ကို ကျ ငါ့ကို ကျ......
ဒေါသထွက်ခြင်းများစွာဖြင့် လုပ်မိသည်က Noona လက်အား ဆွဲခွာကာ စင်ပေါ်သို့ တတ်၍ Taehyung ပုခုံးအားဖက်ထားသော ထိုလူ၏လက်အား ဆွဲဖယ်လိုက်ခြင်း......
အောက်ရှိ လူများမှာလည်း ထူးဆန်းကာ နားမလည်သော အကြည့်တို့ဖြင့် သူတို့အား ကြည့်နေကြသည်.....
YOU ARE READING
VICTORIA[ COMPLETED ]
FanfictionI'm loyal , cruel , chill even I don't have a heart to love someone . They called me Psycho Taehyung but I called myself " VICTORIA " . Jeon Jungkook X Kim Taehyung X Min Yoongi
8 [ Z + U ]
Start from the beginning