"မြို့ပိုင်မင်းကတော်အတွက်လားဗျ ဒါဆိုမြို့ပိုင်မင်းဘာပေးပေးသူကြိုက်မှာပါ မြို့ပိုင်မင်းကိုကြိုက်‌တော့ ဘာဖြစ်ဖြစ်အဆင်ပြေပါတယ်"

ရိပေါ် အတွင်းရေးမှူးရဲ့စကားကြောင့် အနည်းငယ်တောင်ရှက်ပြီး ချောင်းဟန့်လိုက်တယ်။ ဒါပေမယ့် သူ့ကိုယ်သူတော့တကယ်ပဲဂုဏ်ယူရတယ်။

"အင်း ကျေးဇူးတင်ပါတယ်"

အတွင်းရေးမှူးကရိပေါ်ကိုပြုံးပြပြီး ထွက်သွားသည်။ ရိပေါ်တစ်နေ့လုံးထိုင်စဉ်းစားလိုက်တာ ညနေလောက်မှ စဉ်းစားရသွားသည်။ ရိုးရိုးရှင်းရှင်းလေး‌ေတွရှိတာကို သူဘာလို့အကြီးကြီးတွေစဉ်းစားနေမိပါလိမ့်။

ရိပေါ်အိမ်ပြန်ရောက်တော့ ရှောင်းကျန့်ကဧည့်ခန်းထဲကထွက်လာကာကြိုသည်။ ရှောင်းကျန့်ကရိပေါ်ရဲ့လည်ပင်းကုိသိုင်းဖက်လိုက်တော့ ရိပေါ်လဲရှောင်းကျန့်ခါးလေးကိုပြန်ဖက်ထားလိုက်သည်။ ခနနေတော့ ရှောင်းကျန့်ကလွှတ်ပေးလိုက်ပြီး

"ဒီနေ့နောက်ကျတယ်နော် အလုပ်အရမ်းများနေတာလား"

"အင်း စဉ်းစားစရာလေးရှိနေလို့"

ရိပေါ်ကရှောင်းကျန့်ခါးကိုဖက်ထားရာကနေ အိမ်ပေါ်ထပ်ကိုတူတူတက်သွားကြသည်။ အခန်းထဲရောက်တော့ ရိပေါ်ကရှောင်းကျန့်ကိုမေးလာတယ်။

"ဧည့်ခန်းထဲမှာဘာလုပ်နေတာလဲ"

"ပျင်းလို့ radioနားထောင်နေတာ ဘာတွေလာနေမှန်းလဲမသိပါဘူး"

TVကြတော့လဲ ရှောင်းကျန့်ကကာလာမလှလို့ဆိုပြီးမကြည့်ချင်။ ရိပေါ်ကရယ်ပြီး ရှောင်းကျန့်ပါးလေးကိုနမ်းလိုက်ကာ

"ရှောင်းသခင်လေးကတော့ဖြစ်ရမယ်ဗျာ"

"အိမ်ကလူ နောက်တစ်ပတ်ဆိုကျွန်တော်မွေးနေ့ရောက်တော့မယ် ဘာပေးမှာလဲ"

ရှောင်းကျန့်ရဲ့မွေးနေ့က အရင်ရှောင်းကျန့်မွေးနေ့နဲ့ တူတူပဲမို့ သူ့မွေးနေ့လို့သာသက်မှတ်ထားတယ်။ သေချာစဉ်းစားကြည့်ရင် မျက်နှာရော နာမည်ရော မွေးနေ့ကအစသူတို့ကတူညီနေကြသည်။

"ဟင် ရှောင်းသခင်လေးကဘာကိုလိုချင်သေးတာလဲ ကျုပ်တစ်ယောက်လုံးကိုတောင်ရထားတာပဲမဟုတ်လား ရှောင်းသခင်လေးကလောဘကြီးလိုက်တာဗျာ"

𝙈𝙖𝙮𝙤𝙧'𝙨 𝙒𝙞𝙛𝙚 / မင်းကတော်Where stories live. Discover now