အပိုင်း(၁၄)

Start from the beginning
                                    

" V day မို့လို့ထင်တယ်.. နေရာတိုင်းမှာ ချောကလက်နဲ့ ပန်းစည်းတွေချည်းပဲ..။ မျက်စိနောက်တယ်"

မကျေမနပ်ပြောလိုက်သည့် လွှမ်းသုတကြောင့်
ဝေမှူးပိုင်အနည်းငယ်ပြုံးလိုက်မိသည်..။

ထို့နောက်လက်ကလည်း ဝတ်ထားသည့် jean jacket ရဲ့ အိတ်ထောင်ထဲမှာ ထည့်ထားသည့်
ချောကလက်တောင့်လေးကို မသိမသာ
စမ်းလိုက်မိသည်။

ဆရာမက .. လွှမ်းသုတကို
နားနေခန်းသို့ စာအုပ်ပို့ခိုင်းသည့်အချိနိက
သူကျောင်းသို့စရောက်သည့်အချိန်ဖြစ်သည်။
ချက်ချင်းဆိုသလို လွယ်အိတ်ပင်
မချွတ်နိုင်ဘဲ သူ ထလိုက်ခဲ့ရခြင်း၏
အကြောင်းအရင်းသည် ထိုချောကလက်ကို ကျွေးဖို့
စီစဉ်ထား၍ ဖြစ်သည်။

" နှစ်တိုင်းလိုလို..ကျွေးရမယ့်လူမရှိလို့
ငါတို့ကိုပဲ ချောကလက်ဝယ်ကျွေးခဲ့တဲ့
ရှန်ခွန်းနောင်တောင် ရည်းစားရသွားပြီ"

" ....."

" ငါဘာလို့ ရည်းစား မရ...."

လွှမ်းသုတ၏ ငြီးငြီးငြူငြူပြောလိုက်သည့်စကား
သည် ဝေမှူးပိုင်၏ ခပ်စူးစူး အကြည့်အောက်မှာ
တိုးသက်ပျောက်ကွယ်သွားသည်။

လွန်ခဲ့တဲ့ရက်တုန်းက
သူ့ကို ဒေါသနှင့် စူးစူးရဲရဲ စိုက်ကြည့်ကာ
ပြောခဲ့သည့်
'ရည်းစားမထားနဲ့' ဆိုသည့် စကားကို
ကြားယောင်မိလိုက်၍ လည်း ဖြစ်သည်။

လွှမ်းသုတက ချောင်းခပ်တိုးတိုးဟန့်ကာ
သူမဟုတ်သလို  ဟိုကြည့်ဒီကြည့်လုပ်နေသည်။

မွေးမိခင်ကိုတောင် ကလန်ကဆန်လုပ်ရဲတဲ့
လွှမ်းသုတက ဝေမှူးပိုင်ရဲ့ ဒေါသမျက်ဝန်းတွေကိုမှ
လန့်နေရတာ ဘာလို့ရယ်မသိ..။

"ရည်းစား အရမ်းရချင်နေတာလား.."

ဝေမှူးပိုင်က ခပ်ဆတ်ဆတ်လေသံနဲ့
ပြောလာသည်။

" ဘယ်ကလာ..."

" မင်း ခုနက ပြောလိုက်တယ်လေ.."

" ဒီလိုနေ့လေးပါ .. သိတယ်မလား..။
သူများတွေက အတွဲတွေနဲ့ကွာ.. ။ အချစ်တွေနဲ့
ဂရုတစိုက်လေးကျွေးတဲ့
ချောကလက်လည်း.. စားရတယ်....ငါ့မှာတော့..  ....အွတ်.."

RO ( ရို ) (Completed)Where stories live. Discover now