" ကိုယ်က မင်းကို ဖွက်ထားတယ်ဆိုတာက မင်းနဲ့ကိုယ် လက်ထပ်ထားတာကို သူများတွေ သိမှာကိုမကြောက်ဘူး။ ကိုယ်ကမင်းကို ကာကွယ် ပေးချင်ရုံလေးတင်ရယ်။ ''

" မလုပ်နဲ့ ''

ကျန်းရှုက သူ့ကိုကြားဖြတ်ပြီးတော့ ပြောလိုက်တယ်။

" ကျွန်တော့်ကို ကိုယ်ပိုင်နေရာ လေးမှာ ပုန်းနေတာက တင်လုံလောက်နေပြီ။ ခများက ကျွန်တော် ကိုထပ်ပြီးတော့ ပိတ်မထားနဲ့တော့''

" အိုကေ''

ရှုပေါ်စုက သူဘာကိုပြောချင်နေတာလဲ ဆိုတာကို သိတာမို့ ဆက်မပြော တော့ပေ။ အခုချိန်မှာ ကျန်းရှု ရဲ့မိဘတွေတောင် သူတို့အကြောင်းကို မသိကြသေးဘူးလေ။

သူတို့ကို သဘောတူလောက်ပါတယ်နော်.....

မတူရင် လက်ထပ်စာချုပ်ပြ လိုက်မှာပဲ.....

သူ့ဇနီးလေး ကိုတော့ အပါမခံနိုင်ပေါင်.....

" ဟစ်ကျွတ်....''

စားပြီးတဲ့နောက် ကျန်းရှု က စပြီးကျွတ်ထိုးလာတယ်။

" ကြည့်ရတာ စားတာများ သွားပြီထင်တယ်။ ကျွန်တော် တစ်ခါ မှဒီလောက် မစားဘူး ပါဘူး။ ရာသီဥတု ပူလို့များလား?''

( မဟုတ်ဘူး ဗိုက်ကြီးနေလို့ 🤣)

" အာ''

ရှုပေါ်စုက ပန်းကန်ကို လက်စသတ်ကာ ဘေးကိုချထားလိုက်တယ်။

" ကျွန်တော် စားချင်စိတ်မရှိဘူး အခုတစ်လော စားချင်စိတ် ပျောက်နေတယ် ''

သူ့စတော်ဘယ်ရီလေး က စားချင်စိတ် ပျောက်နေတာကြောင့် သူကချက်ချင်းကို အင်တာနက် ပေါ်မှာ စားချင်စိတ်တိုးစေမယ့် အကြောင်းကို ရှာလေတယ်။

ဒီတစ်ပတ် နားရက်မှာ သူ့စတော်ဘယ်ရီလေး ကို လုပ်ကျွေးရမယ်။

"ခများ ဘာကြည့်နေတာလဲ?အလုပ်လုပ်နေတာ မဟုတ်ဘူး မလား?''

ကျန်းရှုက ဘေးတိုက်ကြည့်နေတာမို့ သိပ်ပြီးမမြင်ရပေ။

"အလုပ်ကနေ့တိုင်း လုပ်နေတာလေ။ ဒါကစိတ်ဝင်စားစရာကောင်းလို့လား?''

ကျန်းရှုက ရှုပေါ်စု ကို လက်မြှောက် လိုက်တော့တယ် ။ အချိန်အကြာကြီး မကြည့်ရ သေးခင်မှာပဲ ရှုပေါ်စု က ကွန်ပြူတာ ပိတ်ကာပြောလိုက်တယ်။

" မကြည့်နဲ့တော့ သွားအိပ်ကြစို့ ''

ကျန်းရှုက သူ့ကိုကြည့်ကာ မေးလိုက်တယ်။

" ခများက လုပ်မလို့လား မလုပ်ပဲအိပ်မှာလား?''

ရှုပေါ်စု က နာရီကို လှမ်းကြည့် တော့ ၉ခွဲပဲ ရှိသေးတာ ။ အစောကြီး ရှိသေးတယ်။

အခုချိန်မှ မလုပ်ရင် ဘယ်အချိန် သွားလုပ်ရမှာလဲ?

" လုပ်မှာလေ''

ကျန်းရှုက အံကြိတ်ကာ ပြောတယ် ။

" ကျွန်တော့် ကိုနားရက်ပေး ပါအုံး ။ ကျွန်တော် မခံနိုင်တော့ဘူး  ''

" မင်းကိုယ့်ကို ကွန်ပလိန်း တက်နေတာလား?''

ရှုပေါ်စုက တိုးတိုးလေး ကပ်ပြောတယ်။

" ကြင်စဦးတွေက နာရီ၂၄ နာရီမှာအနည်းဆုံး နာရီ၂၀လောက် လုပ်နေကြရတယ်တဲ့။ မဟုတ်ရင် သူတို့ကြား က ဆက်ဆံရေးက မကောင်းတာ တဲ့လေ''

( ဘယ်သူပြောတာလဲ? !?)

" ခများ အရှက်မရှိတော့ဘူးလား''

ကျန်းရှုက အနည်းငယ် ဖျားနေပြီ။ ဒါပေမယ့် ဒီလူသိအောင်မပြောချင်ဘူး ။

" စကားတွေမပြောနဲ့တော့။ အော်ဖို့ချန်ထား ။ သွားကြစို့''

ကျန်းရှုကို ကောက်ပွေ့ကာ အခန်းထဲကို သွားလိုက် တယ်။

" ကျွန်တော် လုပ်နိုင်သေးတယ် ဆိုရင် ခများကိုမေးနေမလား ဂန်းစတားကြိးရဲ့''

" နိုး''

ရှုပေါ်စုက အလေးအနက် ခုခံတယ်။

" တကယ်လို့ မင်းမလုပ်နိုင်တာသေချာရင် ကိုယ်ထိန်းထားလိုက်မယ်''

" ဒါဆိုလည်း အခုထိန်းလေ''

ကျန်းရှုက ချက်ချင်း ပြောလိုက် တယ်။

ဒါပေမယ့်လဲ ရှုပေါ်စုရဲ့ သနားစရာ အခွက်လေးရဲ့ အောက်မှာမျောကာ ပါသွား ပြန်တော့တယ်။

ထိုလူရဲ့ မကောင်း တဲ့စိတ်ကို ယုံပြီးတော့ တစ်ကြိမ်ပြီး တစ်ကြိမ်ချစ်မိတာပဲ။

ခဏလေးအတွင်းမှာ သူတို့၂ယောက် ရူးသွပ် နေကြပြီပဲ​ဖြစ်တယ်။

..............................

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now