" ဘယ်လိုနေလဲ? "

ရှုကြီးက ရယ်ချင်စိတ်ကို ထိန်းကာမေး လိုက်တယ်။

" မှည့်ပြီဗျ''

ကျန်းရှုက မွှေးပျံတဲ့ ရနံ့ကို ရှုသွင်းလိုက်တယ်။ ပြီးတော့ ရှုကြီးရဲ့ လက်ထဲကို ထိုးထည့် ကာပြောလေတယ်။

" ကျွန်တော်က ခများကို သရက်သီးကို လှီးဖို့တာဝန်ပေးမယ်ဗျာ''

" အိုကေပါ ''

ရှုပေါ်စုက ယူလိုက်တယ်။

" ၁၀မိနစ်ပဲ စောင့် ''

" ကျေးဇူးပါ အိမ်ဦးနတ် ရေ''

( ထိုဟာသည် ကျမလက်ကမြင်းတာ မဟုတ်ပါ)

ကျန်းရှုက ရှုပေါ်စုကို ဖက်ပြီးတော့ နမ်းကာ စာကြည့်ခန်း ထဲကိုပြန်ဝင်ပြီးတော့ အလုပ်တွေ လုပ်နေပြန်တယ်။

သရက်သီးကို လှီးနေတဲ့ အမျိုးသား ရဲ့နှုတ်ခမ်းတွေကတော့ ကွေးတက်နေလေတယ်။ သူ့နှလုံးသား တစ်ခုလုံး ချိုမြိန်ခြင်းတွေနဲ့ ချစ်ခြင်း တွေထဲမှာ နစ်မြုပ် နေလေတယ်။

ဘာလို့လဲဆိုတော့ သူ့ရဲ့ စတော်ဘယ်ရီ လေးက တကယ့်ကို သနားဖို့ ကောင်းတယ် ပြီးတော့ ချစ်စရာ ကောင်းတဲ့ အရူးလေးပဲလေ။

ရှုပေါ်စု က သရက်သီးကို ကုဗတုံးပုံလှီးကာ ပန်းကန်လုံးအကြီးထဲကို ထည့်လိုက်တယ်။ ပြီးတော့ နွားနို့တွေပါ အပြည့်ထည့်လိုက်တယ်။

" အများကြီးပဲ? "

ကျန်းရှုက ရှုကြီး ဘေးကထိုင်ခုံကိုဆွဲထုတ်ကာ ဇွန်းတစ်ယောက်တစ်ချောင်း ကိုင်ကာ စားကြတော့တယ်။

" မနက်ဖြန် ဘာလုပ်စရာ ရှိလို့လဲ? "

" လုခယ်က မြို့ဆင်ခြေဖုံးမှာ ပါတီလုပ်မလို့တဲ့လေ''

ရှုပေါ်စု ပြောတယ်။

" သွားပြီးစားသောက်ကြစို့''

"အကိုခယ့်ပါတီလား?''

ကျန်းရှုက သူ့ပါးစပ် ကိုလက်ဖမိုးနဲ့ သုတ်ကာမေးလိုက်တယ်။

" ဒါဆို လူတွေအများကြီးက လာမှာပဲ။ ကျွန်တော် သွားလို့ကော ရပါမလား?''

" ဘာလို့မရရမှာလဲ?''

ရှုကြီးက သူ့မိန်းမလေး ကို ဇွန်း နဲ့အပြည့် တစ်လုပ်ကျွေးလိုက်တယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now