ပြွတ်..ပြွတ်

"ညနေဝိုင်နည်းနည်းသောက်လာမယ် အများကြီးတော့မသောက်ဘူး!!"

"မင်းဘာမင်းဘာလုပ်လုပ်!!"

ပြွတ်..

"ယားတယ်! ငါ့ကိုလွှတ် ဝမ်ရိပေါ်!"

ရှောင်းကျန့်ကခေါင်းကိုဘေးဘက်ကိုလှိမ့်ရှောင်ရင်းနောက်ကဝမ်ရိပေါ်ကိုတံတောင်ဆစ်နဲ့တွန်းထိုးသည်။

"ချောင်ချန်းကအရင်လိုကလေးမဟုတ်တော့ဘူး သိပ်ရင်းရင်းနှီးနှီးမနေနဲ့
ဒီကလူတွေနဲ့လည်းအရောတဝင်မနေနဲ့!"

"လူတိုင်းကိုမင်းလိုမှတ်နေလားဝမ်ရိပေါ်!!"

"ခင်များကကျုပ်ကိုအရွဲ့တိုက်မှာစိုးလို့!
ကျုပ်သွားတော့မယ်ရှောင်းကျန့်"

ဝမ်ရိပေါ်ကနှာခေါင်းတွေနစ်သွားတဲ့အထိရှောင်းကျန့်လည်ပင်းကိုဖိနမ်းသည်။ ပြီးမှလွှတ်ပေးလိုက်ပြီး ပြုံးနေကြအတိုင်းခပ်ရွဲ့ရွဲ့ပြုံးပြီးထွက်သွားခဲ့သည်။

အဲ့အပြုံးကဘာဖြစ်ချင်တာလဲ!
.
.
.
.
.
.

"တက်!"

နောက်နေ့ရောက်တော့ဝမ်ရိပေါ်ကတကယ်ဘဲသူ့အတွက်မြင်းလှည်းမစီစဉ်ပေးထားချေ။ သူမြင်းကြောက်တာသိသိရက်နဲ့!!

"ငါမလိုက်ဘူး!!"

"ကျစ်! ဘာတွေအလိုမကျဖြစ်ပြန်တာလဲ
ညတုန်းကကျုပ်ခင်များကိုပြောထားပြီးပြီနော်"

"ငါမြင်းမစီးနိုင်ဘူး"

"ကျုပ်တစ်ယောက်လုံးပါမှာ ခင်‌ဗျားယောက်ျားကိုဒီလောက်တောင်မယုံကြည်ဘူးလား"

"....."

ရှောင်းကျန့်ကမတက်လိုဘဲအတင်းဆန္ဒပြနေသည်။ ဝမ်ရိပေါ်ကလည်းဒီတစ်ယောက်နဲ့ဘယ်လိုဆက်လုပ်ရမှန်းမသိတော့။ ချောင်ချန်းတောင်မြင်းပေါ်တက်ပြီးနေပြီ။ ဘုရင့်ညီမတော်လိုဘယ်လိုလုပ်မြင်းလှည်းနဲ့အကျော့သားလိုက်လို့ဖြစ်မှာလဲ။ ဒီနိုင်ငံကတောင်မထွက်ရသေးဘူး ဘုရင်အမြတ်ရှမှာလည်းမရိပ်မိဘူး။ သူ့ကိုတမင်သက်သက်ရစ်နေတာ!

"ရှောင်းကျန့် စောင့်နေသူတွေကိုအားနာဖို့ကောင်းနေပြီ
ခင်များကြောင့်နေမြင့်လာရင်ခင်များဘဲခံရမှာနော်
ခဏခဏဖျားတတ်တာမမေ့နဲ့"

"သခင်လေးကမာနကြီးလွန်းတယ်.."(COMPLETED)Where stories live. Discover now