"အဲ့ဒါလည်းငါအာပေါက်မတတ်ပြောမှမင်းခွင့်ပြုတာလေ
မင်းကငါလုပ်ချင်တာတွေအကုန်လုံးကိုလိုက်ကန့်လန့်တိုက်နေတာ
နှောင့်ယှက်နေတာ"

"စွပ်စွဲနေတာတော်လောက်ပြီ
သိမ်းစရာရှိတာသိမ်းထား မနက်ဖြန်ထွက်မယ်
သိမ်းမနေပါနဲ့တော့! အလုပ်ရှုပ်တယ်"

"အော် အော်!
ဘယ်အဆင့်အတန်းကလာခဲ့လို့ဒီလောက်ဘဝမြန်မြန်မေ့သွားခဲ့ပါလိမ့်
ငါနဲ့နေရင်တော့နေ့တိုင်းမင်းဘယ်ဘဝကလာခဲ့လဲပြော‌ပြပေးနေမယ်
လွန်ခဲ့တဲ့နှစ်တွေတုန်းကမင်းလဲစရာအဝတ်မရှိတဲ့မင်းဘဝအကြောင်းလေ
မှတ်မိသေးတယ်! မင်းမှာစုစုပေါင်းအဝတ်သုံးစုံဘဲရှိခဲ့တာလေ!"

"ရှောင်းကျန့် ဒီညမနာချင်ရင်တော်လိုက်တော့!"

"ငါမင်းကိုမကြောက်ဘူးဝမ်ရိပေါ်!"

"ခင်များကနည်းနည်းမှတောင်အလျှော့ပေးလို့မရဘူးဘဲ
မနက်ဖြန်ခရီးထွက်မှာမို့ဒီနေ့အလွတ်ပေးလိုက်မယ်
ကျုပ်အတိတ်ကိုခဏခဏမဆွမိစေနဲ့!
ခင်များလာလာဆွတိုင်းအဲ့တုန်းကခင်များကိုဘယ်လောက်တောင်လုပ်ချင်နေခဲ့တယ်ဆိုတာကိုပြန်သတိရမိလို့ ဟက်!"

"မင်း! မင်း! တဏှာရူးကောင်!!"

"ညစာစားဖို့မစောင့်နဲ့! တံခါးကိုလည်းဂျက်မထိုးထားနဲ့
ကျုပ်ပြန်လာလို့မတွေ့ရင်ခင်များကိုအပြစ်ပေးမယ်
ယူသွားချင်တာရှိရင်တစ်ခါတည်းထုတ်ပိုးထားတော့! မသိမ်းချင်လည်းခင်များသဘောဘဲ
ချောင်ချန်းခဏနေရောက်လာလိမ့်မယ်"

‌ဝမ်ရိပေါ်ကအပေါ်ထပ်ယူဝတ်ပြီးမှရှောင်းကျန့်ကိုမှာစရာရှိတာမှာနေပြန်သည်။ ရှောင်းကျန့်ကလှည့်တောင်မကြည့်သလိုဝမ်ရိပေါ်ကိုအဖတ်မလုပ်ဘဲသိမ်းစရာရှိတာဆက်သိမ်းနေပြန်သည်။ ဝမ်ရိပေါ်ကရှောင်းကျန့်နားကိုလျှောက်လာကာခါးသေးသေးကိုအားနဲ့ဆွဲဖက်ပစ်သည်။

"ဘယ်လိုဖြစ်နေတာလဲ! လွှတ်စမ်း!!"

‌ဝမ်ရိပေါ်ကမလွှတ်တဲ့အပြင်နောက်ကမြင်နေရတဲ့ရှောင်းကျန့်နားသီးလေးကိုပါးစပ်ဖြင့်အသံထွက်အောင်စုပ်ယူပစ်လိုက်သည်။ သူ့မိန်းမကနားဟောင်းလောင်းဖြစ်နေရှာတာ! ဟိုရောက်ရင်အဆောင်အယောင်တွေပြန်ပေးလိုက်ရမလား! မာနတွေပိုကြီးသွားရင်ရော..သူ့ကိုမတူမတန်ဆက်ဆံတော့မှာလား!!

"သခင်လေးကမာနကြီးလွန်းတယ်.."(COMPLETED)Where stories live. Discover now