The Great El Dorado (Episode-5)

Start from the beginning
                                    

====================================

ဖောင်သည် ရေတံခွန်အောက်သို့ပြုတ်ကျကာ အစိတ်စိတ်အမြွှာမြွှာ ကွဲပျက်သွားသည်။

ဖောင်ပေါ်ရှိ လူတွေရော ............???

Chanyeol တို့ ကံကောင်းစွာဖြင့် သစ်ကိုင်းများကို တွဲခိုကာ တောင်ကြားကမ်းထိပ်သို့ ရောက်ရှိခဲ့လေသည်။

သူတို့အားလုံး Lay အတွက် စိတ်မကောင်းကြ။

ထိုစဉ် သူတို့ ကမ်းပါးထိပ်၌ ထူးဆန်းသော စာတန်းတစ်ခုကို တွေ့ရသည်။

ထိုစာမှာ -

"Come Home Eyes Noses World Is Like Love Dry Ice Era" ဟူသတည်း။

အားလုံး စိတ်ဝင်စားသွားပြီး အဓိပ္ပာယ်ဖော်ကြည့်ကြသည်။ သို့သော် သူတို့ စဉ်းစားမရ။

D.O က ထို စာတန်းကို ကူးယူလာခဲ့သည်။

တောင်ကြားလမ်းသည် မတ်စောက်သည်။ ချောက်ကမ်းပါးများလည်း ပေါများသည်။

တစ်တောင်ဆုံးသော်လည်း တစ်တောင်က ကျန်နေသေး။

ခက်ခက်ခဲခဲ တက်ကြရသည်။

ဤတောင်တစ်ဝိုက်တွင် ငှက်များပိုပေါသည်။ တောင်ခြေတွင်မူ သစ်ပင်ထူထပ်သည်။

လမ်းဟူ၍မရှိ။ ကိုယ်တိုင် သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းယူရသည်။

ဆူးငြောင့်ခလုတ်ဆိုးများက ဆီးကြိုလျက်။

မြေပုံအရ သူတို့ ဖြတ်ရမည့် Wolf တောင်ကြားမှာ ရေတံခွန်နှင့်အလွန်နီး၍ Wolf တောင်ကြားမရောက်ခင် ကမ်းကပ်ခဲ့ရသဖြင့် Wolf တောင်ကြားသို့ ဦးတည်လာခဲ့သည်။

ခရီးလမ်းသည် ကြမ်းသည်ထက် ကြမ်းလာသည်။

သူတို့၏ နုသောအသားတွင် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်လာသည်။

သို့သော် သူတို့အားလုံးတွင် မျှော်လင့်ချက်တစ်စုံတစ်ရာ ရှိနေကြပေမည်။

တောင်ကြားလမ်းနှစ်ခုကြားမှ တောက ပို၍ နက်သည်။

သူတို့ နောက်ဆုံး Wolf တောင်ပေါ် ရောက်ခဲ့သည်။

အားလုံး နီးစပ်ရာ သစ်ပင်အောက်တွင် ထိုက်လျက် အမောပန်းဖြေနေကြသည်။

ထိုစဉ် .........

Chen : D.O hyung ဟိုးနားက အပင်ကြီးက ထူးဆန်းတယ်နော် သွားကြည့်ရအောင်

D.O : Wow! Jinja! Let's go

Chen တို့က သွားကြည့်ကြသည်။

အပင်ကြီးက တောင်ထိပ်မှ ထိုးထွက်ကာ ပေါက်နေသည်။

Chen က သစ်ကိုင်းပေါ်ထိုင်ပြီး ဓာတ်ပုံရိုက်နေသည်။

ထိုစဉ် အနောက်ဘက်အရပ်မှ ကျီးကန်း အုပ်စုတစ်စု ပျံသန်းလာလေတော့သတည်း။

TBC

Thank You very much for your time and reading

90° Bow To My Readers

The Great El DoradoWhere stories live. Discover now