03

339 60 26
                                    

UNI...

“ဒါလင် အရင်က ဆံပင်အနီရောင် ဆိုးဖူးတာလား”

ဟန်နီ့မေးခွန်းမှာ ကျွန်တော် ထိန့်လန့်သွားသည်။ဟန်နီက အတိတ်ကို မှတ်မိနေပြီလား။ဟန်နီမှတ်မိတဲ့ ကျွန်တော်ပုံစံက ဘယ်လိုမျိုးလဲ။ဟန်နီအပေါ် အရမ်းနွေးထွေးတဲ့ပတ်ခ်ချန်းယောလ်လား။ဒါမှမဟုတ် ဟန်နီကို ငိုအောင်လုပ်တဲ့ပတ်ခ်ချန်း‌ယောလ်လား။အချိန်အကြာကြီး ဟန်နီ့မျက်ဝန်းတွေကို စိုက်ကြည့်ပြီး အဖြေရှာမိသည်။ဟန်နီကတော့ ကျွန်တော်ကို  ကလေးတစ်ယောက်လို ပြုံးပြလာသည်။ပြီးမှ ကျွန်တော့်ပါးပြင်ကို ခြေဖျားလေး ထောက်၍ နမ်းလာသည်။

“လိုက်တယ်။အဲ့ဆံပင်အနီရောင်နဲ့ ဒါလင်က
တအားချောတာပဲ ”

ကျွန်တော် တိုးတိုးလေး ညင်သာစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။တော်ပါသေးရဲ့။ဟန်နီ မမှတ်မိလို့။

“ဘာလို့..သက်ပြင်းချနေရတာလဲ!ကျွန်တော်က ရုပ်ဆိုးတယ် ပြောမယ် ထင်နေတာလား”

ကျွန်တော် သတိထားမိသလောက် ဟန်နီက အခုနောက်ပိုင်း *ဟန်နီ* လို့သုံးနှုန်းနေရာကနေ တစ်ခါတစ်ရံ *ကျွန်တော်* လို့ ပြောင်းသုံးတတ်သည်။ဒါက ဟန်နီ့ခေါင်းထဲ အတိတ်ကအကြောင်းတွေ ပြန်ပေါ်လာသည့်အခါ သုံးနှုန်းတတ်သည့်အကျင့်တစ်ခုပင်။ဒါတွေ ဟန်နီရိပ်စားမိလား မသိပေမဲ့ ကျွန်တော်ကတော့ ဟန်နီရဲ့ထိုအကျင့်ကို သိသည်။ဟန်နီက အတိတ်က အကြောင်းတွေ မေးလာရင်၊ပြောလာရင် ဟန်နီဆိုသည့်အသုံးအနှုန်းကို မေ့လျော့ကာ *ကျွန်တော်*ဆိုပြီး ပြောတတ်သည်။ဒါကလည်း အတိတ်မှာတုန်းက *ကျွန်တော်*ဆိုသည့် နာမ်စားကိုပဲ အကြိမ်များစွာ သုံးနှုန်းဖူးတာကြောင့် ဖြစ်လိမ့်မည်။လက်ထပ်ပြီးမှပြောင်းသုံးသည့်
*ဟန်နီ*ဆိုတာကို အတိတ်က အကြောင်းတွေကို ‌သတိပေါ်လာသည့်အခါ မေ့လျော့သွားမှန်း ကျွန်တော် သိသည်။တစ်ခုပဲ ဟန်နီ့အတွေးကိုမသိတာ။ဟန်နီက စိတ်ခံစားချက်တစ်ချို့ကို မျက်နှာပေါ်  မထင်ဟပ်အောင် ထိန်းချုပ်နိုင်သည်။ထို့ကြောင့် ဟန်နီ့အတွေးတွေက ခန်းမှန်းရခက်သည်။

“မဟုတ်ပါဘူးကွာ”

အနည်းငယ်ဆူပုတ်ချင်သယောင် ဖြစ်နေတဲ့ဟန်နီကို ရင်ခွင်ထဲ ထည့်လိုက်သည်။ဟန်နီကို ထပ်ပြီး မဆုံးရှုံးချင်တော့ဘူး။ကားတိုက်မှုကြောင့် ဦးခေါင်းထိသွားတဲ့ဟန်နီကို ဆုံးရှုံးရမှာ သေမှာထက် ကြောက်ခဲ့ဖူးသည်။ဟန်နီ ကျွန်တော်ကို ထားသွားပြီလား၊ဟန်နီကို ဆုံးရှုံးရတော့မှလား ဆိုသည့်စိတ်နှင့် ရက်ပေါင်းများစွာ နာကျင်ခဲ့ရဖူးသည်။မရည်ရွယ်ဘဲလုပ်ခဲ့မိတဲ့အမှားတွေအတွက်လည်း ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ဟန်နီကို ကြည့်ရင်း အကြိမ်ပေါင်းများစွာ တောင်းပန်ခဲ့ဖူးသည်။ဟန်နီ ပြန်နိုးလာတဲ့အချိန် အမှားတွေအတွက် ခွင့်လွှတ်ဖို့ တောင်းဆိုရန်အတွက် စောင့်နေခဲ့သည်။ဒါပေမယ့် ဟန်နီ ပြန်သတိရတဲ့အချိန်မှာ အရာအားလုံး မေ့သွားခဲ့သည်။မင်ဟျောင်းအပါအဝင် ကျွန်တော်ကိုရော၊ကျွန်တော့်လုပ်ရက်တွေရော အကုန်မေ့သွားခဲ့သည်။အဲ့တုန်းက ကံကြာမ္မာက ကျွန်တော်ဘက် ပါနေတာလား။ဟန်နီဘက်ရှိနေတာလား မသဲကွဲခဲ့ဘူး။အခုတော့ တဖြည်းဖြည်း သဲကွဲလာပြီ။
ကံကြာမ္မာက ဟန်နီဘက် ရှိနေခဲ့တာ။

LOST MY MEMORIES Where stories live. Discover now