ဆောင်းဟွန်းက စက်ဘီးလက်ကိုင်ကိုကိုင်ထားပြီး မတ်တပ်ရပ်နေတဲ့အချိန် လမ်းမဘက်ကားတစ်စီးလာရပ်တာတွေ့လို့ ဘာရယ်မဟုတ် ကြည့်လိုက်မိတော့ အဖြူရောင်ကားပေါ်ကဆင်းလာတာ ဂျယ်ယွန်းရယ်။

"ဟင် မင်းက ဘာလို့ကျောင်းနောက်ကျနေတာလဲ"

"Appa ရုံးချိန်နဲ့ တိုက်လာတာလေ။ appa လိုက်ပို့ပေးတဲ့အချိန် ထွက်လာရတာပဲ"

"နောက်ကျနေပြီ။ အပြင်မှာ ရပ်စောင့်ရတော့မှာ"

"ရပါတယ်။ ဘာမှမဖြစ်ပါဘူး"

ဂျယ်ယွန်းက ကျောင်းတံခါးဘေးက သစ်သားထိုင်ခုံလေးပေါ် သွားထိုင်တယ်။ ဆောင်းဟွန်းလဲ စက်ဘီးထောက်တိုင်ရပ်ပြီး ဂျယ်ယွန်းဘေး သွားထိုင်လိုက်တယ်။

ခါတိုင်းလဲ ပေါက်ကရစကားတွေ ပြောနေကြဆိုပေမယ့် ဒီနေ့တော့အများကြီး ပိုပြောဖြစ်ပါတယ်။ နှစ်ယောက်ထဲ တကမ္ဘာတည်ရတဲ့အချိန်တွေက သိပ်ပျော်ဖို့ကောင်းတယ်။ ဒီလိုမျိုးဆို တသက်လုံးကျောင်းနောက်ကျရလဲဖြစ်တယ်လို့ ပတ်ဆောင်းဟွန်းက တွေးနေခဲ့တယ်။

ဒါပေမယ့် အဲအတွေးက ကြာရှည်မခံလိုက်ပါဘူး။ ဘာလို့ဆို ကျောင်းအုပ်ကြီးက ကျောင်းနောက်ကျတဲ့ကျောင်းသားတွေကို နေပူပူမှာ အမိုးမရှိတဲ့ဘောလုံးကွင်းထဲ အမှိုက်ကောက်ခိုင်းတာကိုး။ သူက ကိစ္စမရှိပေမယ့် ဂျယ်ယွန်းက နေပူဒဏ်ခံနိုင်တာမဟုတ်။ နကိုထဲက ချွေးထွက်လွယ်တဲ့သူမို့ အားကစားတောင်တော်ရုံသိပ်လုပ်တာမဟုတ်။

"မင်း ဟိုမှာခဏသွားထိုင်နေပါလား။ ငါနှစ်ယောက်စာကောက်လိုက်မယ်"

"မင်းဖေ ဆရာကြီးက ကောမှာဟ။ အကဲပိုမနေနဲ့။ ဒီလောက်လေး အပြစ်ပေးခံရတာ ဘာမှမဖြစ်ဘူး"

"အသားတွေမဲကုန်တော့မှာပဲ ဂျယ်ယွန်းရယ်။ ဒီလိုမှန်းသိ မင်းဝတ်ဖို့ လက်ရှည်ပါးပါး ထည့်လာပါသေးတယ်"

"နေပူစာလှုံတယ်ပဲ သဘောထားတာပေါ့။ Vitamin Dရပါတယ်"

ဂျယ်ယွန်းက ပြုံးစစပြောနေပေမယ့် ဆောင်းဟွန်းမျက်နှာက သိပ်မကောင်းချင်။ သူသာ ကျောင်းကိုဆယ်ပတ်လောက်ပတ်ပြီး အမှိုက်ကောက်လိုက်မယ်၊ ဂျယ်ယွန်းကိုတော့ ဘောလုံးကွင်းထဲက အမှိုက်မပြောနဲ့၊ ၄လက်မပတ်လည်ခုံပေါ်က တစ်သျှုးစလေးတစ်စကိုတောင် မကောက်စေချင်။ အစစအရာရာ သူပဲလိုက်လုပ်ပေးချင်တာဖြစ်တယ်။

Time Spent Walking Through Memories [PSH x SJY]Where stories live. Discover now