အပိုင်း(၁)

2.2K 173 19
                                    

၁၉၈၀ခုနှစ် ဒယ်ဂူအမျိုးသမီးတက္ကသိုလ်တွင်ဖြစ်သည်။ ဒယ်ဂူအမျိုးသမီးတက္ကသိုလ်သည် လွန်ခဲ့သော၁၈၅၀တွင် အင်္ဂလိပ်လူမျိုးများနဲ့ဆောက်လုပ်ခဲ့သော တက္ကသိုလ်တစ်ခုလည်းဖြစ်သည်။ ထိုအချိန်တွင် ဆိုးလ်တက္ကသိုလ်နှင့်ဒယ်ဂူတက္ကသိုလ်ဟူ၍ တက္ကသိုလ်နှစ်ခုသာရှိခဲ့ပြီး ကျန်သည်များမှာ လက်အောက်ခံကောလိပ်ငယ်များသာဖြစ်သည်။ အင်္ဂလိပ်အဆောက်အအုံပုံစံ စာသင်ဆောင်များလည်းရှိသလို လမ်းချိုးလမ်းကွေ့များ၊ ဆယ်နှစ်ရာသီပွင့်သောပန်းပင်ကြီးများလည်းရှိသဖြင့် ဂန္တ၀င်ဆန်ဆန်လှပသည်။ ကျောင်း၀င်းထဲသို့မရောက်ခင်မှာပင် ခပ်လှမ်းလှမ်းမှမြင်နိုင်သော ဘုရားကျောင်းအိုကြီးတစ်ခုလည်းရှိသည်။ တက္ကသိုလ်၀င်းအတွင်း စကားဖောင်ဖွဲ့ပြောဆိုကာသွားလာလှုပ်ရှားနေကြသော သူများလည်းရှိသလို လမ်းဘေးဝဲယာရှိထိုင်ခုံတန်းများတွင် နေရာယူကာစာကြည့်နေကြသောသူတချို့လည်းရှိသည်။ ချစ်တတ်စ၊ ရင်ခုန်တတ်စ၊ အလှသွေးကြွယ်နေတဲ့အသက်နှစ်ဆယ်၀န်းကျင် မိန်းမပျိုများစုဝေးနေသောနေရာတစ်ခုလည်းဖြစ်သည်။ လူငယ်တစ်ယောက်ရဲ့ငယ်ရွယ်မှုကိုအကောင်းဆုံးပျော်ရွှင်စွာဖြတ်သန်းနေကြသော မိန်းမပျိုလေးများ၏မျက်နှာတွင် ဂုဏ်ယူ၀င့်ကြွားနေဟန်ရှိကြသည်။
ထိုသူများထဲတွင် ဂန်ဆူးလ်ဂီဟုခေါ်သော မိန်းမငယ်တစ်ယောက်လည်းပါသည်။ ဆူးလ်ဂီသည် အသက်၂၂အရွယ် အင်္ဂလိပ်စာအထူးပြုယူထားပြီး ပန်းချီဆွဲတော်သောကောင်မလေးတစ်ယောက်အဖြစ် အများသိကြသည်။ ပခုံးကျော်ရုံသာရှိသောဆံနွယ်၊ မွေးရာပါအညိုရောင်မျက်၀န်း၊သေးသေးသွယ်သွယ်ဖြင့် အလွန်ကြည့်၍ကောင်းသော လက်ချောင်းများက ဆူးလ်ဂီကိုလူအများနဲ့ကွဲထွက်စေသည်။ ခန္ဓာကိုယ်အချိုးအစားမှာပုံစံကျပြီး အမြဲတစ်စေဘောင်းဘီရှည်ကိုသာ၀တ်ဆင်သောကြောင့် ယောကျာ်းလေးတစ်ဦးလိုလည်းဆွဲဆောင်မှုရှိသည်။ မျက်ရစ်မရှိသော်လည်း နှစ်လိုဖွယ်မျက်နှာရှိပြီး အမြဲအပြုံးပန်းဝေနေတတ်သည့် မိန်းကလေးတစ်ဦးဖြစ်သည်။

"ဘယ်သွားမလို့လဲ ဆူးလ်ဂီ။ အလျင်လိုနေပါလား"

"ထမင်းစားဆောင်သွားမလို့။ မနက်ကအိပ်ရာထနောက်ကျလို့ မနက်စာမမီလိုက်ဘူးလေ"

Bring My Soul To The UniverseWhere stories live. Discover now