Part : 51

2.1K 50 2
                                    

(unicode)

Part : 51

နေ့ရက်တွေတစ်ရက်ပြီးတစ်ရက် ဖြတ်ကျော်လာခဲ့ပြီးနောက် အောက်တိုဘာလ၁၆ရက်နေ့ပင် ရောက်လာခဲ့သည်။ကောင်းကင်၌မိုးသားတိမ်တိုက်တို့ကင်းစင်လျက် လေပြည်ညင်းတို့ကလည်း အေးမြစွာ ဝေ့ဝဲတိုက်ခိုက်လျက်ရှိနေသည်။မိုးရာသီ ကုန်ဆုံးခါနီး အချိန်ဖြစ်သော်လည်း အချို့နေရာတို့၌ မိုးသားတိမ်တိုက်တို့က ရစ်ဝဲနေသေးသည်။မြူနှိုင်းဆက်တို့လိုက်ပါလာသော ကားလေးသည်လည်း သန်လျင်တံတားပေါ်တွင်မောင်းနှင်နေလျက်ရှိနေခဲ့သည်။

"ကိုကို မောင်တို့အချိန်ရသေးရင် ဘုရားဝင်ဖူးကြရအောင်လေ။။"

"ဟုတ် ဒါဆို ကိုယ်တို့ တံတားအဆင်းက ရှင်မွှေးလွန်းနဲ့မင်းနန္ဒာရှိရာ တောင်ပေါ်ဘုရားကော ဝင်ဖူးကြမလား?"

"အဲ့ဘုရားကိုတော့ ဖူးချင်ပါရဲ့။ဒါပေမယ့်ကိုကိုရယ် အဲ့ဘုရားကလေ အတွဲတွေ တက်ဖူးလို့မကောင်းဘူးတဲ့။အတွဲတွေ တက်ဖူးမိတိုင်းတစ်ခုကြောင့်မဟုတ် တစ်ခုကြောင့်နဲ့ပဲ ပြတ်တတ်တယ်တဲ့။မောင်တော့ ကိုကိုနဲ့မပြတ်ချင်ဘူးရယ်။".

"ဟုတ်ပါပြီဗျာ။ဒါဖြင့် မောင်က ဘယ်ဘုရားတွေဝင်ဖူးချင်လဲ။ကိုယ့်ကိုပြောပြလေ။"

"ဟုတ် ကိုကို။မောင်လေ သန်လျင်မှာ လူတော်တော်များများပြောတဲ့ ကျိုက်ခေါက်စေတီတော်မြတ်ကို ဖူးချင်တယ်။ပြီးတော့လေ အဲ့ကိုသွားတဲ့လမ်းတစ်လျှောက္မှာရှိတဲ့ ဘုရားတွေကို ဖူးချင်တယ်။ကျားဘုရားဆိုတာလည်းရှိသေးတယ်။နောက်ပြီးလေ သီဟဒီပဆိုတဲ့ အားကစားကွင်းရှိတယ်လို့လဲ ကြားဖူးတယ်။အဲ့ထဲမယ်ရေဝင်ကူးကြရအောင်။"

"မောင်က ဂျပန်မှာနေပြီး သန်လျင်မြေအကြောင်းတော်တော်သိတာပဲ"

"သိဆို အရင်လတွေတည်းက မောင်က လိုက်လေ့လာထားတာလေကိုကိုရ။ဂျပန်မှာနေတယ်ဆိုပေမယ့် မောင့်မွေးရပ်မြေက မြန်မာပြည်လေ။ဒီတော့ ကိုယ်နိုင်ငံမှာရှိတာတော့ သိသင့်တယ်မလား။"

"ဒါပေါ့ ဒါနဲ့မောင်ပြောတဲ့အားကစားကွင်းက ဘာတဲ့"

"ကိုကိုကလည်း မေ့တတ်လိုက်တာ သီဟဒီပကွင်းပါဆို။"

The little bond of the silver Snow [Complete]Where stories live. Discover now