Part:31

1.5K 52 2
                                    

note🚨

ခုအပိုင်းမှာ 18+အခန်းမပါဝင်ပေမယ့် အဲ့လိုသဘောဆောင်တဲ့ အခန်းလေးတွေ ပါဝင်တာရှိတဲ့အတွက်ကြောင့် အဆင်ပြေမှ ဖတ်ပေးကြပါနော်....အရမ်းhotဖြစ်အောင်တော့မရေးထားပါဘူး......သာမာန်သဘောလောက်ပဲ ရေးပေးထားပါတယ်ဗျ......

Ep-31

"တကယ်နေပေးမယ်ပေါ့....."

"နေပေးပါမယ်ဆို "

"ဟိတ် ဘာတွေပြောနေကြတာလာ...ခတ္တာ ငါ့မောင်လေးကို နင်အနိုင်ကျင့်နေတာလား"

"ဘာကို အနိုင့်ကျင့်ရမှာလဲ...ဒါနဲ့ ငါတို့ ၂ယောက်က အပေါ်ထပ်မှာ အိပ်ရမှာမလား"

"အင်း ငါ့အခန်းမှာ အိပ်လေ.....ငါက ဒီကောင်မလေးတွေနဲ့ အောက်ထပ်မှာ ပဲ အိပ်လိုက်တော့မယ်"

"အင်း နင့်အခန်းထဲက မိန်းကလေးအသုံးအဆောင်တွေ ဘာတွေ သွားရှင်းထားအုံး....ပြီးတော့ ကုတင်က ခိုင်ရဲ့လား....အသံတွေဘာတွေက မြည်ရဲ့လား..
အခန်းကကော အသံလုံရဲ့လား"

"wait a min! နင်က ငါ့အခန်းကို Hotelက အခန်းများထင်နေတာလား...အသံလုံလားတွေကော ခိုင်ရဲ့လားတွေကော...နင်တို့က အိပ်မှာမဟုတ်ဘူးလား..."

''ဟုတ်တယ်မမ မြူတို့က အိပ်ကြမှာပါ...အသံလုံလားနဲ့ ကုတင်ခိုင်လားေမးတာက ကိုကိုက အိပ်ရေးဆော့တယ်လေ ပြီးတော့ ဟောက်တာက အကျယ်ကြီးပဲ...."

"ဟုတ်တယ် ဟုတ်တယ် ငါက အိပ်တာ ကြမ်းတယ် ပြီးတော့ ​ေဟာက်လည်းဟောက်တော့ ညကျ နင်တို့အိပ်ပျော်နေတာကို နှောက်ယှက်နေသလို ဖြစ်မှာစိုးရိမ်လို့ပါ"

''နင်က အအိပ်ကြမ်းပြီး ဟောက်တော့ မြူလေးက ဘယ်လို အိပ်မလဲ မြူ မမခြည်တို့နဲ့ပဲ လာအိပ်ပါလား"

"မရဘူး........"မင်းခတ္တာပြောလိုက်ခြင်းပင်

''ဘာကိုမရတာလဲ"

"မောင်က အသားကျနေပြီလေ မောင့်အတွက် စိတ်မပူပါနဲ့ မောင်က ငါနဲ့ပဲ အိပ်မှာ....မောင်ဟုတ်တယ်မလား..."

''မမ စိတ်မပူနဲ့နော်...မြူ ကိုကိုနဲ့ပဲ အိပ်လိုက်ပါ့မယ်.."

"အင်းပါ မြူက အဆင်ပြေတယ်ဆိုရင် ပြီးတာပါပဲ..

The little bond of the silver Snow [Complete]Where stories live. Discover now