Part:49

1.5K 47 5
                                    


Ep:49

"ကျူးလစ်ပန်းဘယ်လိုရောင်းလဲ"

"တစ်စည်းကို ၂၅၀၀ သုံးစည်းယူမယ်ဆို၇၀၀၀နဲ့ယူသွား"

"ဒီလိုလုပ်ပါလား သုံးစီးကို ၄၅၀၀ပဲထား"

"ဟမ်"

မင်းခတ္တာပြောလိုက်သောစကားကြောင့်စျေးသည်အန်တီကြီးကော မြူနှိုင်းဆက်ပါ မျက်လုံးပြူးသွားကြလေသည်။သုံးစည်း၇၅၀၀ကျပ်အား၇၀၀၀ဖြင့်၅၀၀ လျော့ပေးထားသည်ပင် မတွေးပဲ ၄၅၀၀ဖြင့် စျေးဆစ်လိုက်ခြင်းကြောင့် စျေးသည်အန်တီခမျာ  ငိုရမလိုလိုရယ်ရမလိုလိုပင်ဖြစ်နေတော့သည်။မြူနှိုင်းဆက်သည်လည်း ကြိတ်ရယ်မိလိုက်ပြီးနောက် ဆိုင်ရှင်အန်တီကြီးအား ပြန်လာခဲ့ပါ့မယ်ဟု အားနာစွာပြောလိုက်ကာ မင်းခတ္တာအား အသားငါးတန်း ဘက်သို့ ဆွဲခေါ်သွားလေတော့သည်။

"ကိုကို စျေးဘယ်လိုတောင်ဆစ်လိုက်တာလဲ"

"ဘာလို့လဲမောင်ရ သူကစျေးကိုအဆမတန်တင်ထားတာကိုး ကျူးလစ်ပန်းတစ်စည်းကို ရှိရင်တောင် ၁၀၀၀ သို့မဟုတ် ၁၂၀၀ပေါ့။ခုက၂၅၀၀ကြီးတောင် များလွန်းပါတယ်"

"ကိုကလည်း ခုဘယ်ခေတ်ရောက်နေလဲဆိုတာကြည့်အုံးလေကိုရ။၂၀၁၉တုန်းကစျေးတွေရမယ်များထင်နေတာလား ဟိ!"

"ခုဟာက စျေးအရမ်းများတယ်လေကွာ"

"အနေတော်ပါပဲကိုကိုရ။"

"ဟုတ်လား ဒါဆို အားနာစရာကြီး။"

"ဒါပေါ့ ကိုကိုရ။ပြန်ရင် ဝင်ဝယ်လိုက္မယ်လေ။စျေးဆစ်ပြီးမှအားနာစရာကြီး။"

"ဟုတ်! ဒီညနေ ဘာချက်စားကြမလဲ၊ကြက်သားလား ဝက်သားလား၊ငါးလား ဒါမှမဟုတ် ကြက်ခြေထောက်ချဥ်စပ် ချက်စားကြမလား"

"ဟုတ် ကြက်ခြေထောက်ချဥ်စပ် ချက်စားကြမယ်လေ။မစားရတာလည်းတော်တော်ကြာပြီ။"

"ဟုတ်ပြီ ဒါဆို ကိုယ်တို့ဝယ်သွားကြမယ်လေ။အရည်သောက်ဟင်းရယ်ကကော ဘာဝယ်မလဲ။"

"ကန်းစွန်းရွက်ဟင်းချိုလေးကော ကြက်ခြေထောက်ချဥ်စပ်နဲ့လိုက်တယ်မလား ကိုကို"

"လိုက်တယ် မောင်။ဒါဖြင့်ကိုယ်တို့ဒါပဲ ဝယ်ကြတာပေါ့။"

"ဟုတ်"

The little bond of the silver Snow [Complete]Where stories live. Discover now