[08]

1.9K 203 19
                                    

{ unicode }

" အရှင်.. နွေးနွေးထွေးထွေးနေပါ  "

နွေကုန်လို့ ဆောင်းဦးကို ဝင်လေပြီ။ ပုံမှန်တိုက်ခတ်လေ့ရှိသည့် မြောက်ပြန်လေညင်းနှင့် နှင်းမှုန်နှင်းစတို့က နွေးထွေးမှုမရှိသည့် နန်းဆောင်ပြတင်းတံခါးမှ ဝေ့ကာဝိုက်ကာ..။ ခေါ်သံနှင့်အတူ အဖြူရောင်မွေးပွ သိုးမွှေးခြုံထည်လေး ပခုံးထက်လာတင်သည့် အန်းကုန်းကုန်းကြောင့် သူထိုင်နေရင်း ဆူပုတ်မိသည်။

" အန်းကုန်းကုန်း.. ကျွန်တော့်ကို အရှင်လို့ မခေါ်ပါနဲ့တော့ဆို "

ဆူပုတ်နေသည့် သူ့ကိုကြည့်လို့ အန်းကုန်းကုန်းမှာ ပြုံးသည်။

" ကျွန်တော်မျိုး.. "

" တိတ်! အမိန့်ပေးနေတာ ကျွန်တော်က "

" ကျွန်တော် နားလည်ပါပြီ.. ဝမ်သခင်လေး "

အန်းကုန်းကုန်းက ခါးလေးညွှန့်ကိုင်းရင်း တရိုတသေစကားဆိုတော့မှ ဆူပုတ်လေးက ပြုံးသည်။ သူတို့အရှင်(ရှောင်း)ကိုဆို အမြဲလိုလို အူပုတ်လေးဟု ရေရွတ်နေတတ်သည့် သူ့ရှေ့မှ ထိုကောင်ငယ်လေးဟာ သူကိုယ်တိုင်လည်း ဆူပုတ်လေးဖြစ်နေမှန်း သတိထားမိပုံမရ။

ချစ်ဖို့ကောင်းလွန်းလှတဲ့ ငယ်ရွယ်မှုတွေပါပဲ..

" အာ.. ဆောင်းဦးတောင် ဝင်လာပြီပဲ"

တစ်ဖက်ကိုလှည့်လို့ အတွေးလွန်နေသည့် အန်းကုန်းကုန်းမှာ ဘေးမှ အသံသေးသေး ကြားသည်ကြောင့် လှည့်ကြည့်တော့ သူ၏အရှင်ငယ်လေးမှာ နှင်းမှုန်များ ပျံ့လွင့်နေသည့် ပြတင်းတံခါးအနား ဆွေးမြေ့စွာ ရပ်နေလေသည်။

" ရှောင်းပေါက်စအတွက်.. "

မဆက်နိုင်တော့သည့် စကားစုများမှာ ရပ်တန့်သွားရသည်။ လွန်ခဲ့တဲ့နှစ်များတွင် ဆောင်းဦးဝင်တိုင်း ရှောင်းပေါက်စအတွက် အနွေးအကျီတစ်ထည် သူချုပ်ပေးနေကြပင်။ ရှောင်းပေါက်စသည်လည်း သူချုပ်ပေးသည့် အကျီတိုင်းအား အမြဲ နှစ်ချိုက်စွာ ဝတ်ဆင်လေ့ရှိသည်။

" ဟင်း.. သူ မလိုလောက်တော့ပါဘူး "

သက်ပြင်းကို အသာလေးချလို့ သူ၏အာရုံအား မြောက်ပြန်လေဆီ..။ အကုန်မြန်လွန်းလှသည့် အချိန်များမှာလည်း တက်,ကျမြန်သည့် ဒီရေအလား။ လည်ပြန်၍မရသည့် အချိန်များနှင့် ပြောင်းလဲမရသည့် အကြောင်းအရာများစွာ။

Oh! My Dear Emperor [ Complete ]Where stories live. Discover now