[06]

1.9K 198 10
                                    

{ unicode }

"ကောကော ကောကော.. အဲ့ဘက်ကိုလွတ်ပေး"

"ဟုတ်ပြီ"

"မင်းကြီး.. ညီလာခံနီးနေပါပြီ.."

ဘေးနားမှ အန်းကုန်းကုန်းမှာတော့ မျက်နှာလေးငယ်ငယ်နှင့် မဝံတရဲ ခေါင်းလေးငုံ့လို့ သံတော်ဦး တင်နေလေသည်။ သူ၏အရှေ့၌ရှိနေသည့် မင်းကြီးဖြစ်သူမှာတော့ ပွင့်ဖတ်လေးလို သွင်ပြင်နှင့် အဖြူပါးပါးဝတ်ရုံကိုမှအားမနာ ဖြန့်ချထားသည့် ဆံနွယ်လေးများ လွင့်စင်ကုန်သည်ထိ အနောက်နန်းဆောင်မှ မင်းသားငယ်လေးများနှင့်အတူ စွန်လွတ်ကူနေသည်တဲ့လေ..

"သိပြီ .. အခုလာခဲ့မယ်"

"ဟုတ်ကဲ့"

မင်းကြိီးဖြစ်သူထံမှ စကားပြန်ကြားရသည်ကြောင့် အန်းကုန်းကုန်းမှာလည်း အရိုအသေတစ်ချက်ပြုပြီးသည်နှင့် အဆောင်ပြန်လို့ လိုအပ်သည်များကို ပြင်ဆင်ရတော့သည်။ သူ၏ အရှင်လာတော့မည်ကို ။
အန်းကုန်းကုန်း နန်းဆောင်ပြန်နေရင်း လမ်းတစ်ဝက်အရောက်မှာပင် နောက်ပါးဆီမှ သူတို့မင်းကြီး၏ ကလေးများအား ချော့မြူသံနှင့် ဆူဆူအောင့်အောင့် ဖြစ်နေသည့် ကလေးများ၏ အသံကိုကြားလိုက်ရသည့်အခါ စိတ်လိုလက်ရပင် ပြုံးလိုက်မိတော့သည်။

သူတို့အရှင်မှာ ကလေးသိပ် ချစ်တတ်သည့်သူပင်။ အရင်မင်းကြီး နတ်ရွာစံပြီးတည်းမှ အရင်မင်းကြီး၏ မိဖုရားများနှင့် မင်းသားငယ်လေးများမှာ မင်းကြီးဟောင်း၏ လက်ကျန်ဟူ၍ ဘဝတက်လမ်း ပိတ်ဆို့ခံရပြီး အလိုအလျောက် အနောက်နန်းဆောင်၌ အပိတ်ခံရဆဲပင်။ ထိုအခြင်းအရာကို စာနာသောအားဖြင့် သူတို့အရှင်မှာ ထိုကလေးငယ်များထံသို့သွားလျှင် ပကာသနကင်းစွာ ကလေးများနှင့်တန်းတူပေါင်းသင်း၍ ထိုသနားစရာ မင်းသားငယ်များအား ပျော်ရွှင်စေသည်။

ထိုမျှလောက် စိတ်ထားကောင်း၍ သိမ်မွေ့နုနယ်လှပါသော သူတို့အရှင်မှာ အရင်မင်းကြီးနှင့် မျိုးနွယ်စုအား သတ်ဖြတ်၍ နန်းတော်အား သိမ်းယူခဲ့သည် ဟူသောစကားမှာ ယုတ္တိမှ ရှိပါသေးရဲ့လားဟု အန်းကုန်းကုန်း တွေးမိလေသည်။ သို့ပေမယ့်လည်း အန်းကုန်းကုန်းမှာ ဘာများတတ်နိုင်ပါမည်လည်း။ သူ မသိနိုင်သည့် အကြောင်းအရာများစွာ ရှိနေဦးမည်ကို တွေးမိတော့
သက်ပြင်းကိုသာ အသာချရင်း ခေါင်းခါရင်းမှ လုပ်စရာရှိသည်ကိုသာ လုပ်ရန် ခပ်သွက်သွက်လေး အဆောင်ကို ပြန်ရတော့သည်။

Oh! My Dear Emperor [ Complete ]Där berättelser lever. Upptäck nu