[07]

1.8K 209 14
                                    

{ unicode }

လတ်တလော နန်းတော်အတွင်း တောမီးလိုပင် ပျံ့၍မပြီးနိုင်သည့် သတင်းတစ်ခု ရှိနေလေသည်။ စ,ရာမှ ကား သွားကြသည့် ထိုစကားစုလေးများမှာ အပိုင်းအစများစွာ.. ပြောကောင်းကောင်းနှင့် လူတိုင်းနှုတ်ဖျား၌ ထို အကြောင်းအရာများသာ မင်းမူ နေလေသည်။

" ဟန်မင်းဆက် လက်အောက်က လွတ်မြောက်ပြီး ရှောင်းမင်းဆက် ပြန်လည်ရောက်ရှိလာပြီ "

" ရှောင်းပြည်ထောင်အား.. ရှောင်းမင်းဆက် ပြန်လည်အုပ်ချုပ်လေပြီ "

ကောင်းကင်ကြည်ကြည်..လေနုအေးအေးနှင့် သာယာလွန်းသည့် ထိုနေ့လည်သည် တစ်စုံတစ်ယောက် အတွက်တော့ အကျည်းတန်စေသည်။ ရှောင်းမင်းဆက် လက်အောက်ခံ အမတ်များမှာ နန်းကျမင်းကြီးဝမ်အား သေဒဏ်ပေးစေလိုသည်။

" မိုးကောင်းကင်ရဲ့ အမိန့်တော်အရ မင်းကြီး မိန့်တော်မူသည်မှာ ဟန်တိုင်းပြည်၏ ဒုတိယမင်းသားဖြစ်သော ပထမ ရှောင်းမင်းဆက်၏ ကြင်ယာတော်ဝမ်အား အအေးနန်းဆောင်သို့ ပို့ဆောင်ပြီး တစ်ဘဝစာ မိမိအပြစ်များအား ဆင်ခြင်စေ.. "

ရာထူးကြီး၍ အချိန်ကြာမြင့်သော အမတ်များမှာ ထင်လေ့ရှိကြသည်။ ယခုမှ စတက်လာသည့် ငယ်ရွယ်သည့် ထိုဘုရင်ငယ်အား သူတို့ချုပ်ကိုင်နိုင်လိမ့်မည်ဟု။ စ,လာတည်းမှ အထင်နှင့်အမြင် လွဲသွားလေသည့် အမတ်များမှာ ကြိတ်မနိုင်ခဲမရ ။ ထိုလူနုပ်သေးသေးက သူတို့စကားကို ဆန့်ကျင်ရကောင်းလားဟု နှာတမှုတ်မှုတ်..။

လူတစ်ချိူ့ကမူ မှတ်ချက်ပြုကြသည်။ အသစ်တက်လာသည့် ရှောင်းမင်းကြီးသည် နန်းကျမင်းကြီးဝမ်အား တမင်အပြစ်လျော့ပေါ့ပေးခဲ့သည်။ အဘယ်ကြောင့်ဆို အရင် ရှောင်းမင်းကြီး ရုတ်တရက် သေဆုံးသွားမှုအတွက် လူအများမှ ကြင်ယာတော်ဝမ်အား လွဲချခဲ့ကြသော်လည်း သက်သေအမှန်မှာ ယခုထိမပေါ်သေးသည့်အပြင် မင်းဆက်ပျောက်နေသည့် လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ရှောင်းနိုင်ငံအား ဟန် မှသိမ်း၍ ဝမ်မင်းကြီးမှ ယာယီ ထိန်းသိမ်းထားပေးသည်ကြောင့်.. ။

" ဘာလို့ မင်းကြီးဝမ်ကို တရားခံလို့ စွပ်စွဲကြတာလဲ..
မင်းကြီးဝမ် သတ်ပါတယ်ဆိုပြီး သက်သေကရှိလို့လား"

Oh! My Dear Emperor [ Complete ]Where stories live. Discover now