သူ့လက်ထဲက ဆေးစစ်ချက်စာရွက်ကိုဆွဲလုလိုက်ရင်း ပြောလိုက်သည်
"ခွင့်မတောင်းဘဲ ဖတ်မိလို့ သမီးတောင်းပန်ပါတယ် အန်တီ .ဒါပေမဲ့ သမီးကိုဒီကိစ္စရှင်းပြပါ .."
"ဘာရှင်းပြရမှာလဲ ဒါသူများဆေးစစ်ချက် ..."
"အန်တီမညာပါနဲ့ အန်တီ့နာမည်ကြီး သမီးတွေ့တယ် "
"ဟင်....."
ပျော့ခေွသွားပြီး အန်တီတယောက် ကြမ်းပြင်သို့ ထိုင်ချမိလိုက်သည် ပျော့ခွေသွားတဲ့ အန်တီ့လက်မောင်းကိုဆုပ်ကိုင်လိုက်ပြီး....
"အန်တီ မဟုတ် ဘူးမလားဟင် မဟုတ်ဘူးမလား အန်တီနဲ့နာမည်တူတဲ့သူတယောက်မလား အန်တီမဟုတ်ဘူးမလားဟင်..."
အန်တီက ငိုပဲငိုနေပြီး ဘာမှပြန်မပြော..
"အန်တီရယ်... ဖြစ်မှဖြစ်ရလေ "
အန်တီ့ကိုညှင်သာစွာဖက်ထားလိုက်ပြီး ရေရွတ်လိုက်သည်
"အန်တီဘာမှစိတ်မပူနဲ့ သမီးရှိတယ် ဆေးရုံတတ်ပြီး ခွဲစိတ်ကြရအောင်နော် မကြောက်နဲ့ "
"ခွဲစိတ်လည်း ၅၀ / ၅၀ ပဲသမီးရဲ့ ကောင်းဖို့က အလားအလာမရှိဘူး "
"ဘယ်လိုပဲဖြစ်ဖြစ် အန်တီရယ် ဆေးရုံတတ်ကြရအောင်နော် အန်တီ့ကို ရအောင်ကုပေးမယ် "
သမီးတောင်းဆိုလို့သာ ဆေးရုံတတ်ပေးလိုက်ရသည် သူ့အကြောင်းသူသိသည်မလားနောက်ဆုံးအချိန်ရောက်တဲ့အထိ သမီးစိတ်ချမ်းသာဖို့က အရေးကြီးတယ်လေ
......
ဆေးရုံရောက်တော့ ကင်ဆာဆေးသွင်း ဆေးတွေသောက်နဲ့ အန်တီလိုအပ်တာ ဝေယာဝစ္စ မှန်သမျှ ရှိန်းလုပ်ပေးနေသည် ဆေးရုံကိုလည်း ခွင့်ရက်ရှည်တင်ထားသည် အန်တီ့အနားမှာပြုစုစောင့်ရှောက်ပေးဖို့အတွက်...
ကင်ဆာဆေးသွင်းတော့ ရှိန်းမြတ်နိုးရတဲ့ အန်တီ့ဆံပင်များဟာလည်း ကျွတ်သထက်ကျွတ်လာသည် အခုဆိုအန်တီက ဆံပင်ဂုတ်ဝဲလေးနဲ့..
တနေ့တနေ့ အန်တီနဲ့စကားပြောလိုက် အန်တီ့ကိုပြုစုလိုက် ဆေးသွင်းဖို့ ဆေးသောက်ဖို့ဂရုစိုက်လိုက်နဲ့ အန်တီပျော်ဖို့လုပ်ပေးလိုက်နဲ့ ရှိန်းတယောက် မနားနိုင်
အပိုင်း ၃၆ (ဇာတ်သိမ်း)
Start from the beginning