အခန်း ၁

Start from the beginning
                                    

သို့သော် ချောင်းရှန်၏ ကောလိပ်ဒုတိယနှစ်တွင်  ကျောင်း၌ ဘတ်စကစ်ဘောထိမှန်မိပြီး Comaဝင်သွားခဲ့သည်။ ဆေးရုံသို့ပို့ခဲ့ပြီးနောက် စစ်ဆေးချက်ရလဒ်များသည်ဖေဖေချောင်း၏ကင်ဆာရောဂါနှင့်လက္ခဏာအတူတူပင်ဖြစ်ခဲ့သည်။ 

 ချောင်းရှန်၏ ခန္ဓာကိုယ်သည် ရှားပါးပြီးကုသ၍မရသောကင်ဆာရောဂါကြောင့် မြင်တာနဲ့တောင်အားနည်းမှန်းသိသာစေခဲ့သည်။ ဆေးရုံကုတင်ပေါ်တွင် မလှုပ်နိုင်တော့သောသူမ၏သားဖြစ်သူကိုကြည့်ရင်း မေမေချောင်းသည် သူမ၏ခင်ပွန်းက သူမကိုလာခေါ်နေပြီလို့ မြင်ယောင်လာပြီး နောက်ဆုံးမှာသည်းမခံနိုင်တော့ပေ။

မေမေချောင်းသည် ဆေးရုံတွင်နေပြီး လက်ဝတ်ရတနာကုမ္ပဏီ၏ရှယ်ယာများကိုရောင်းချရန်စာချုပ်ချုပ်ဆိုကာ သူမ၏သားအတွက် ဆေးဝါးကုသမှုနှင့် ပြုစုစောင့်ရှောက်မှုတို့ကိုအဆင်ပြေစေရန် ရှိသမျှပိုင်ဆိုင်မှုအားလုံးကိုအသုံးပြုခဲ့သည်။ ထို့နောက် သူမသည် ချောင်းရှန်ကို ထားရစ်ကာ ကြမ်းတမ်းရက်စက်လှသောလောကကြီးမှထွက်ခွါသွားခဲ့တော့သည်။ 

ထိုအချိန်မှစ၍ ချောင်းရှန်သည် လက်ချောင်းလေးများကိုပင်မလှုပ်နိုင်တော့ပဲ ခြောက်နှစ်ကြာသည်အထိ ဆေးရုံကုတင်ပေါ်တွင်နေခဲ့ရသည်။ 

အသိစိတ်ရှိနေသေးသောချောင်းရှန်သည် အလွန်ဝမ်းနည်းခဲ့ရပြီး ကောင်းကင်ဘုံကလည်းသူ့အတွက်တရားမျှတမှုမရှိပေ။

 ချောင်းရှန်  ပြန်နိုးလာသောအခါ သူသည် လော့ယန် မြို့နယ် တုန့်ရှန်းလန်မြို့ရှိ လက်သမားဆရာချီရှို့၏ခင်ပွန်းဖြစ်နေပြီး ၂နှစ်အရွယ်သားတစ်ယောက်လည်းရှိနေသည်။ ချီရှို့နှင့်မူလချောင်းရှန်သည် မိဘအောင်သွယ်ပေးမှုကြောင့်လက်ထပ်ခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်မပြုမီက တစ်ဦးနှင့်တစ်ဦး မမြင်ဖူးကြပေ။ ချီရှို့သည် မြို့ထဲတွင် လက်သမားဆိုင်ဖွင့်ထားပြီး သူ၏ဝင်ငွေလည်းမဆိုးလှပေ။ သို့သော်လည်း ချောင်းရှန်သည် သူ့ကိုယ်သူဘယ်လိုကျေနပ်ရောင့်ရဲရလဲမသိသည့် ပျင်းရိငြီးငွေ့သည့်သူဖြစ်သည်။ အိမ်အလုပ်ဘာမှမလုပ်သည့်အပြင် ထမင်းကိုအပြင်ထွက်စားကာ ညစ်ပေသောအဝတ်အစားများကိုလည်း သူများကိုပိုက်ဆံပေးကာလျှော်ဖွပ်ခိုင်းသူဖြစ်သည်။ ချီရှို့သည်အလုပ်ကြိုးစားသော်လည်း ချောင်းရှန်၏အသုံးစရိတ်အတွက်မလောက်နိုင်ဖြစ်နေသည်။

ရှေးခေတ်ကာလတွင် ကလေးပြုစုပျိုးထောင်ခြင်း (Completed)Where stories live. Discover now