ep17

4.5K 446 28
                                    

💬" အင်း...နေ့လယ်စာဘာစားမှာလဲ "

💬" အတူတူစားမယ် "

💬" အင်္ကျီလည်အရမ်းဟိုက်တယ် "

💬" ကြယ်သီးတစ်လုံးပြန်တပ်ထား "

" ကျစ်...ဘာဖြစ်တာပါလိမ့် တတီတီနဲ့
ဖုန်းကြောင်နေတာများလား "

ဂီတစ်ယောက် အစ်ကိုဂျင် မင်းသမီးနဲ့အတူ
ဇာတ်ညွှန်းပြန်ကျင့်နေတဲ့
အချိန် နောက်နားတွင် ထိုင်စောင့်နေသည်။
သို့သော် အစ်ကိုဂျင်ဖုန်းက
မက်ဆေ့ဂ်ျသံက နှစ်မိနစ်ခြားတစ်ခါဆိုသလို
တတီတီဝင်နေသည်။
အစ်ကိုဂျင်ရဲ့ ကိုယ်ရေးကိုယ်တာသုံး ဖုန်းမလို့
အရေးကြီးတော့မဟုတ်။
သို့သော် မိနစ်မခြားတတီတီမြည်နေတာက
စိတ်အနှောင့်အယှက်တော်တော်ပေးလှသည်။ ဘယ်အစွန်းရောက်ပရိတ်သတ်တွေ အစ်ကိုဂျင့်ဖုန်းနံပါတ်
သိသွားကြပြန်ပြီတုန်း!
အစ်ကိုသာသိရင် စိတ်ရှုပ်လွန်းလို့ ဆဲမိရင်
အစ်ကို့အကြောင်း မကောင်းထပ်ဖွကြအုံးမယ်။ သူတို့အလွန်တွေလာလုပ်ပြီး
အစ်ကိုဂျင်က သည်းမခံနိုင်ရင်
အစ်ကိုဂျင်ကဘဲ မကောင်းတဲ့လူ ဖြစ်ရအုံးမယ်။
သူတို့လူလိုမသိ နှောင့်ယှက်ရရင် အကောင်း
အစ်ကိုဂျင်ပြန်ပြောရင် ရိုင်းတယ် ယဉ်ကျေးမှုမရှိတဲ့မင်းသားဆိုပြီး
ခေါင်းစဉ်တပ်ကြအုံးမည်။

" ဂီ ပန်ကာအားသွားသွင်းပေးအုံး... ပူလိုက်တာ
အခုတော့ ယပ်တောင်ခဏပေးထား "

" ဟုတ် "

" ဖုန်းပေး "

" မကြည့်နဲ့အုံးလား
ဖုန်းထဲအာရုံရောက်သွားရင်
ဒိုင်ယာလော့တွေ မေ့သွားအုံးမယ် "

ဂီ အစ်ကိုဂျင်မက်ဆေ့ဂ်ျတွေကြောင့်
အနှောင့်အယှက်ဖြစ်မှာစိုး၍ ဖုန်းမပေးချင်။ တော်ကြာ အစ်ကိုက ရိုက်ကွင်းလည်းမရှောင်
ဒေါသဖြစ်ပြီး ပြောလွှတ်လိုက်ရင်
အလကားနာမည်ကြီးသွားအုံးမယ်။

" အပိုတွေ အရင်ကလည်း အဲလိုပဲကို .. မေ့ဖူးလို့လား .. ပေးစမ်းပါ
စာဝင်ထားလားကြည့်ရုံပဲ "

ဂီမျက်လုံးပြူးသွားပြီး ဖုန်းထုတ်ပေးလိုက်သည်။
ကြည့်ရတာ ဒီရက်ပိုင်း ခဏခဏ
နှောင့်ယှက်ခံနေရတာ ထင်တယ်။
သူဖုန်းထုတ်ပေးလိုက်ပြီး
နောက်နားကနေ အကဲခတ်နေသည်။
တခြားမဟုတ်ဘူး ထိန်းသင့်တန်ထိန်းပြီး
ဝင်ဆွဲသင့်ရင် ဝင်ဆွဲရအောင်လို့။
သို့သော် အစ်ကိုဂျင်ကဖုန်းရသွားတာနဲ့
မျက်နှာပေါ်တွင် မှိုရသလို
အပြုံးပန်းဆင်ပြီး စာပြန်နေသည်။
ဘယ်သူ့ဆီကမလို့ ဒီလောက်ဝမ်းသာတဲ့
ပုံပေါက်နေရတာလဲ! မဟုတ်မှ အစ်ကိုဂျင်ကို အစားအသောက်ရှိုးတွေက
ဧည့်သည်အနေနဲ့ ဖိတ်လိုက်လို့လား။

မချစ်ဘူး~မုန်းတယ် [✓]Where stories live. Discover now