အပိုင်း ၇၀

Start from the beginning
                                    

" သွားစရာမလိုတော့ဘူး။ အလုပ်ကိစ္စတွေအ တွက် ကိုယ့်စီစဥ်လိုက်ပြီး။ ကိုယ်တို့နှစ်ယောက်တိတ်တိတ်ဆိတ်ဆိတ်မြို့ငယ်လေးတစ်ခုမှာ အေးအေးချမ်းချမ်းလေးသွားနေကြရအောင် "

" ဘယ်လို့ဖြစ်ပြီး "

" သမီးကလည်း ဒီနှစ်ထဲ ပြင်သစ်မှာ ကျောင်းသွားတတ်တော့မယ်ဆိုတော့ ကိုယ်တို့နှစ်ယောက်တည်းကျန်ခဲ့ရင် ဒီအိမ်ကြီးမှာ ပျင်းစရာဖြစ်နေမယ်။ အသက်တွေလည်း ကြီးလာပြီး။ အလုပ်တွေရဲ့အဝေးမှာ အေးအေးချမ်းချမ်းလေး ကိုယ်တို့နှစ်ယောက်တည်း အတူတူနေကြမယ်။ က လေးငယ်နှင့် ကိုယ်စတွေ့ချိန်ကလို့ အပူပင်ကင်းကင်းနဲ့လေ "

" ဒုန်း ! ! ! "

ဖေဖေသည် daddy၏ပြောစကားကို ကျေနပ်ပြုံးလေးနှင့် မျက်ဆံညိုကြီးများမှာ အရောင်တောက်ပစွာဖြင့် နားထောင်နေရင်းမှ ရုတ်တရက်စားပွဲအား လက်ဖဝါးဖြင့်အသံမြည်အောင်ရိုက်ချလာ၍ ယသော်၏စားလက်စပါမုန့်ပင် ပါးစပ်နားမှ ပန်းကန်ထဲ ပြုတ်ကျသွားရသည်။ ရုတ်တရက်ထရပ်လိုက်သော ဖေဖေကိုလည်း အံ့သြစွာမော့
ကြည့်နေမိသည်။ သိတတ်စအရွယ်တည်းက
ဖေဖေဒေါသထွက်သည်ကို တစ်ခါမှမမြင်ဖူးခဲ့၍ လည်း ပါ၏။

" ဦးဒေါင်းမာန် စားပြီးရင် အခန်းထဲလိုက်ခဲ့ ! ! ! "

" ကိုယ် အခုလာပြီး "

ကလေးငယ်အနောက်သို့ ဒေါင်းမာန်အပြေးလေးလိုက်ရပြန်သည်။ မနက်စာဝိုင်းမှ ထမထွက်ခင် သမီးဖြစ်သူကိုလည်း သတိရစွာစကားဆိုလိုက်သည်။

" စိတ်မပူနဲ့ မနက်စာပြီးအောင် စားလိုက်အုန်း။ ဘွားဘွားဆီရောက်ရင်သာ သမီးဖေဖေဆီဖုန်းဆက်ဖို့ မမေ့လိုက်နဲ့။ daddy လိုက်သွားအုန်းမယ် "

" ဟုတ် daddy "

နားမလည်လိုက်သောအခြေနေဖြင့် ယသော်ငယ်ငယ် ထမင်းစားခန်းထဲ တစ်ယောက်တည်းကျန်ခဲ့သည်။ ဖေဖေသည် ဒေါသကြီးပုံရ၏။ ဖေဖေဒေါသထွက်သည်ကို တစ်ခါမမြင်ဖူး၍ ဘာတွေဆက်ဖြစ်မည်ကိုမူ မခန့်မှန်းနိုင်ဖြစ်ရသည်။ သို့ သော် daddyကိုမူ ယုံကြည်ထားလိုက်သည်။

ထို့ကြောင့် စိတ်ပူမှုတစ်စုံတစ်ရာမရှိဘဲ အဘွားဖြစ်သူဆီ သွားလည်ရန်ကိုသာ အာရုံစိုက်ထားလိုက်သည်။ အဝတ်တို့ကိုလည်း ညတည်းက ထုတ်ပိုးထား၍ အထွေအထူး ထပ်ပြင်စရာပင်
မရှိတော့။ ဖေဖေ့ပြင်ထားပေးသော မနက်စာ နွားနို့နှင့် ချောကလပ်ယိုသုတ်၊ ပါမုန့်ကင်တို့ကိုသာကုန်အောင်​ အေးဆေးထိုင်စားနေလိုက်သည်။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now