Final

682 106 21
                                    

"ငါအလုပ်လုပ်တော့မယ်"

လှီးဖြတ်လိုက်သည့် နူးအိနေသည့်အသားကို အရသာရှိစွာစားသုံးရင်း တည်ငြိမ်စွာဖြင့် ဟိုဆော့ပြောလိုက်ခြင်းဖြစ်သည်
ခေသူမဟုတ်လည်း ဉာဏ်မတုံးလှသည့် ကျောင်းဆရာက အခုဆို သူနဲ့မဖြစ်စလောက်
အချိန်လေးမှာတောင် အတူမနေချင်လို့ ရှောင်ပြေးနေချင်တယ်ဆိုတာ သိသင့်ပြီမဟုတ်လား
အလုပ်ကိစ္စကို အကြောင်းပြပြီး အပြီချုပ်ပြီမလို့
သူလက်ခံမပေးလို့ မရဘူးဆိုတာ အသိသာကြီးပဲလေ
သူတစ်ယောက်တော့ မကျေမနပ်နဲ့စိတ်တိုနေလောက်ပြီ ဟီးဟီး

ဟိုဆော့ တစ်ယောက်သူအတွေးနဲ့သူ အဆင်ချောပြီဟု၍ တရားသေမှတ်လိုက်ကာ တိမ်ပေါ်သို့ရောက်နေသလို ဘေးမှာ မရှိတဲ့ လိပ်ပြာတွေပျံဝဲနေသလိုတောင်
အထင်မှားချင်လာ၏
တွေးတဲ့အတိုင်းဖြစ်လာမယ်ဆိုတော့ ကျောင်းဆရာအပေါ် အမှတ်ပေးဖို့ မဟုတ်ကဟုတ်က
စဉ်းစားလိုက်သေးသည်

"အင်း ကောင်းသားပဲ လုပ်လေ "

မျှော်လင့်ထားသည့် အဖြေပဲမလို့ ဟိုဆော့ ကျေနပ်သွား၏
သို့သော်လည်း သူထင်ထားသလို တင်းမာသည့်
မျက်နှာအရိပ်အယောင်မတွေ့ရ
မကျေမနပ်နှင့် အောင့်သက်သက်ဖြစ်ကာ စိတ်မပါလက်မပါ မတတ်နိုင်လို့ လက်ခံပေးလိုက်ရခြင်းမျိုးလည်းမဟုတ်သဖြင့် စိတ်ညစ်သွားလေသည်
သူကိုယ်တိုင်ကပင် အေးချမ်းနေသည့်ကျောင်းဆရာလေးကို ကြံဖန်စိတ်ဒုက္ခပေးချင်နေသော လူဆိုးလေးပမာပေ

တစ်ခုရှိသည် က  ယခု ထယ်ယောင်းသိထားသည်မှာ သူ့အကြံအစည်၏ ပထမဆုံးအပေါ်ယံအလွှာလေးသာဖြစ်သည်
မေးခွန်းတစ်ခုမေးရင် တစ်ခွန်းသာဖြေသည်
စပ်စုတတ်သည့် အကျင့်လည်းမရှိသည့်ပုံ
နည်းနည်းလောက်စူးစမ်းလိုက်ရင်ကော
သူသိချင်တဲ့အကြောင်းအရာတစ်ချို့ထပ်မေးလိုက်မယ်ဆိုရင်ကော ဘာဖြစ်သွားမှာမလို့လဲ

အဆိုးလေးသည် သူ၏မသိစိတ်တွင် ကျောင်းဆရာလေး၏ ဂရုစိုက်မှူနှင့်စိတ်၀င်စားမှူအချို့ကို လိုချင်နေသည်ကိုတော့ ကိုယ်တိုင်ပင်မသိခဲ့

ကျောင်းဆရာ က လူပုံစံတင်မကပဲ စိတ်ထားကပင်
ရိုးစင်းလွန်းပါပေသည်
ဒါမျိုး ဟိုဆော့သိပ်သဘောမကျချင် လူတိုင်းက
‌ဖြောင့်မတ်နေလည်းကောင်းတာမဟုတ်ဘူး
အဲ့ဒီသူကို လူအချို့က နည်းအမျိုးမျိုးနဲ့လှည့်ဖျားသွားမှာပဲ
ထယ်ယောင်း က အရောင်မစွန်းထင်းသေးသည့်အဖြူထည်လေး ဆိုပေမယ့်လည်း သူ့ဘ၀ကိုလာရောက်ချည်နှောင်လာသည့်အတွက်တော့
မကျေနပ်ခဲ့ပါပေ

Redamancy • VOPE • ✓Complete ✓Where stories live. Discover now