ရန်ဘက်ချစ်သူ(Taejin)2

955 114 30
                                    

Unicode,

Jin-ဟျောင့် ငါ့ကိုဘာလို့ဒီကိုခေါ်လာတာလည်းကွာ ငါစိတ်မပါဘူး

JK-Jinကလည်းကွာ Clubလာတာစိတ်ပါစရာမလိုပါဘူးကွ..ဘယ်သူ့မှလည်းမပါပါဘူးကွာ ငါတို့သူငယ်ချင်းတွေချည်းဘဲ လာပါကွာမင်းကလည်း

အတင်းဆွဲခေါ်နေတဲ့Jung Kookကိုတွန်းလွှတ်လိုက်ချင်ပေမယ့် စိတ်လည်းကြည်မနေတာကြောင့် စိတ်ပျော်လိုပျော်ငြားယမကာလေးအနည်းငယ်တော့သောက်ချင်မိသေးသည် ထို့ကြောင့်ဆွဲခေါ်ရာနောက်သာ အသာတကြည်လိုက်သွားမိသည်

ဟိုရောက်တော့မကြည်တဲ့စိတ်တွေတောင်နောက်ချင်သွားသည် Kim Tae Hyung သူ့ဘေးမှာလည်းPark Go Ra

Seok Jinလှည့်ထွက်ဖို့ပြင်လိုက်ပေမယ့် ကိုယ်ကဘာမှအမှားမလုပ်ထားတဲ့သူမို့ Jung Kookထိုင်ခိုင်းတဲ့နေရာမှာသာ ဝင်ထိုင်လိုက်သည်

တကယ်..သူတို့ကိုလုံးဝအမြင်မကြည်နေဘူး

Kim Tae Hyungနားတစ်ပူးပူးကပ်နေတဲ့ Park Go Raဆိုသူကိုလည်းတကယ်ကြည့်မရပေ အဘယ်ကြောင့် သူ့ကိုသွားကြိုက်မိမှန်းတောင်ကိုယ့်ကိုယ်ကိုယ်မသိ

Tae Hyungကတော့ သူလာမှာကိုကြိုသိနေတဲ့အလား တစ်ချက်တောင်အံ့သြတဲ့ပုံမပြ ထို့အပြင်လက်တွေကPark Go Raခါးကိုတောင်ဆုပ်ကိုင်ထားလိုက်သေးသည်

JK-Seok Jinရော့ မင်းကအပြင်းမသောက်နိုင်ဘူးမလား ဒါလေးဘဲသောက်

Jin-မင်းခွက်ပေး

JK-ငါ့ဟာကအပြင်း..

Jin-ပေးလို့Jung Kook

စိတ်မရှည်စွာ အော်တောင်းလိုက်မှJung Kookက သူ့ခွက်ကိုထိုးပေးလာသည်

တစ်ကျိုက်တည်းမော့သောက်ပစ်ကာ မျက်နှာကိုတခြားနေရာဘက်လွှဲထားပစ်လိုက်သည်

~~~~~~~~~~~~~~~~~~

Jin-အေ့အသည်းလေး

တစ်ခွက်ပြီးတစ်ခွက်တော်တော်များများသောက်အပြီးမှာတော့ Seok Jinတစ်ယောက်, ဘေးမှာထိုင်နေတဲ့Jung Kookပေါင်ကိုပွတ်သပ်ရင်း ပုခုံးပေါ်ကိုလည်းခေါင်းမှီတင်ထားသေးသည်

JK-ဟာ့ ဟိတ်ကောင် မူးနေပြီမလား ငါပြောသားဘဲ အပြင်းတွေမသောက်ပါနဲ့လို့

Namjin Taejin Jinkook Yoonjin Jinhope Jinmin(Completed)(B-1)Where stories live. Discover now