ထိုလူမှ သူ့ကိုလန့်ဖြန့်သလိုကြည့်လာတာကြောင့်ခပ်တည်တည်ပြန်ကြည့်ပေးလိုက်သည်~ဒီလူဒီမှာရှိနေပုံထောက်ရင် ဟိုကိုကိုဆိုတဲ့သူ့ချစ်သူက တစ်နေရာရာကိုသဝေထိုးနေတာမှန်နေတာပဲ~

Hoseok သူရဲ့ ဖုန်းကဒ်ထုတ်ရင် သုံးတဲ့သော့ချောင်းလေး အောက်ပြုတ်ကျသွားလို့ ကုန်းကောက်နေတုန်း အသံတစ်သံကြောင့် ဆိုင်ရဲ့ Consumer အထင်နှင့်မေးလို့ ခုံအောက်မှအထ မြင်လိုက်တဲ့မျက်နှာကြောင့် လန့်သွားသည်~

ခုနကလည်း Seokjin Hyung ရှိတဲ့အချိန်မို့သူထိုလူ့ကိုသိပ်မကြောက်တာ အခုတော့ကြောက်တယ်...ဘာကျန်ခဲ့လို့ပြန်လာတာလဲမသိဘူး~

Jungkook;"Kim Seokjin ရော!!"

"ဗျာ.!"

ဒုန်း!

ကောင်တာကခုံကို တုန်းကနဲထုချလိုက်တာကြောင့်Hoseok ရင်တွေဘာတွေပါတုန်သွားသည်~သူ့ကိုစူးစိုက်ပြီး ပြောနေတာကလည်းသတ်တော့မယ့်အတိုင်းပဲ~ဆိုင်ထဲမှာလူရှင်းနေလို့သာ နောက်မို့ဆို ဟိုတစ်ခါကလိုသူတို့ဆိုင်ကို Customerတွေကြောက်ပြီးလာဘဲနေကြလိမ့်မယ်~ဆိုင်ကဝန်ထမ်းတွေကလည်းအားကိုးပါသည် တစ်ယောက်မှကိုတွေ့ကြတော့~

Jungkook လက်ညိုးနဲ့လက်မကိုသုံးပြီး နှာရိုးလေးကိုဖိနေမိသည်~သူစိတ်ကိုမနည်းလျှော့ထားရတာ..

"ကျစ်! Kim Seokjin တောင်မသိတော့ဘူးလား!!! ဘယ်မှာလဲ အဲ့ဘိုးတော်!!"

"ဗျာ...ခု..ခုနကပဲ ခင် ခင်ဗျားနဲ့ Seok.... Seokjin Hyung အတူတူသွားတာလေ.."

Jungkook;"စကားကိုထစ်မနေနဲ့ ကောင်းကောင်းပြောလေ!!!"

"ဟို..ဟို ကျွန်...ကျွန်တော့်ကို အဲ..အဲ့လိိုမျက်လုံးစူးစူးကြီးနဲ့ မ..မကြည့်ပါနဲ့..အဲ့...အဲ့လိုဆို ကျွန်တော်မပြောတတ် တော့ ဘူး..."

Opposite Love 🔄(Complete)Where stories live. Discover now