Unicode;
ကလေးလေးရဲ့ သံသယမျက်ဝန်းတွေကြောင့် ဆော့ဂျင်အချိန်ခေတ္တမျှတိတ်ဆိတ်နေမိသည်...
"ကြားလား ကျုပ်ပြောနေတာကို...!
"..."
"ဟေ့လူ...!ခင်ဗျားဘာတွေ ဆွေးနေလို့ပြန်မဖြေတာလဲ.!!!"ကျုပ်စိတ်ကိုလာဆွနေတာဆို ရပ်ပစ်တာကောင်းမယ်နော် Kim Seokjin..!!"
သူ့ရဲ့ကျယ်ဝန်းလှသည့်ပခုံးနှစ်ဖက်ကို ကလေးလေးလက်တွေကဖိကိုင်ပြီး လှုပ်ရမ်းလာတော့မှ သူအသိဝင်လာတော့သည်~
အနည်းငယ်မူးချင်နေတဲ့ ခေါင်းကလည်း ကြက်ပျောက်ငှက်ပျောက်~
"ဖြေစမ်း.!!အခုချက်ချင်းဖြေ!!"
Seokjin ကလေးလေးရဲ့သံသယတွေကို မဖြေရှင်းချင်တော့တာကြောင့် သူစိတ်ပူမိတဲ့အကြောင်းသာမေးလိုက်တော့သည်~
Seokjin;"ဘာလို့ကားရှေ့ဆိုင်ကယ်ကြီးနဲ့ဝင်လာရတာလဲ ကလေးရယ်...တစ်ခုခုဖြစ်သွားမှဖြင့်.."
"ကျုပ်မသေသေးလို့ ခင်ဗျားရှေ့ရပ်နေတာလေအပိုတွေပြောမနေနဲ့...! ခင်ဗျားအင်္ကျီက ရောနေတဲ့အနံ့ကိုသာရှင်း...ဒါခင်ဗျား ကိုယ်သင်းနံ့လုံးဝမဟုတ်ဘူးနော်.!! မှန်မှန်ပြောဘယ်ကောင်နဲ့..!တောက်..! ခင်ဗျားဗျာ..!"
ကလေးဆိုးလေးရဲ့အပူမီးတွေတောက်လောင်နေတဲ့ မျက်လုံးကိုကြာကြာမကြည့်ရဲ.. တောက်တစ်ချက်ကိုကျယ်လောင်စွာ ခေါက်ကာစိတ်ကိုဖြေလျှော့နေပုံရတဲ့ကလေးဆိုးလေးကြောင့် သူဒူးတွေတုန်ရင်ကာကြောက်လာပြီ...
Seokjin အခုမှသတိရမိတော့သည်...သူ့ အင်္ကျီဝိုင်တွေဖိတ်ဆင်သွားလို့ သူMr Jeon အင်္ကျီယူဝတ်ခဲ့သည်မဟုတ်လား~Seokjin;"ကိုကို့အင်္ကျီက ဝိုင်တွေဖိတ်ပြီးညစ်ပတ်သွားလို့ Appa မိတ်ဆွေတစ်ယောက်ရဲ့ Coat ငှားလာတာ...အဲ့ဒါကြောင့် ထင်တယ် အနံ့တွေရောနေတာကလေ.."
"ကလေးလား ခင်ဗျားက...!!!
ဒါလေးတောင်သေချာမလုပ်တတ်ဘူးလား..!"Seokjin;"ငါလည်းဘယ်ဖြစ်ချင်ပါ့မလဲ
သူ့ဘာသာဖြစ်သွားတာကို...""အဲ့လောက်တောင် ကလေးလိုဖြစ်နေရင်လည်း နောက်တစ်ခါ အင်္ကျီညစ်ပတ်လာရင်ဘယ်ကောင့်ဟာမှ ယူဝတ်မလာနဲ့ ကျုပ်ကိုဖုန်းဆက်..!ကျုပ်အင်္ကျီလာပေးမယ်...!"
YOU ARE READING
Opposite Love 🔄(Complete)
Fanfictionကျုပ်ဘဝကမကြီးကျယ်ပေမယ့် ကျုပ်အချစ်ကတော့ကြီးကျယ်ခမ်းနားတယ်..~