" ဂျောင်ဂု....
ငါ့အမေက အဖေသေတော့တောင် ပြန်မလာခဲ့ဘူး "
ငါ့မွေးနေ့တစ်ခါမှ သူမမှတ်မိဘူး
မွေးနေ့ဆုတောင်းတောင် မရဖူးဘူး
ငါသူနဲ့ ကိတ်တောင်မခွဲဖူးဘူး
တစ်ခါမှ ဟင်းချက်ကျွေးတာမျိုးမရှိခဲ့ဘူး
ဒါဆိုရင်တောင် သူကကောင်းတဲ့သူလား...
ငါတော့သူ့ကိုမုန်းနေတုန်း "

" သူဂျင့်ကိုတော့ ချစ်မှာပါ "

" ချစ်မှာတဲ့လား... ချစ်ရင် ဒီလိုမျိုးသူလုပ်ပါ့မလား "

" ဂျင်ကိုယ်တိုင်ကရော သူ့ကိုချစ်ကြောင်း
ဘယ်လောက်ပြောခဲ့ဖူးလို့လဲ
သူအရင်ကမကောင်းခဲ့တာမှန်ပေမဲ့
အခုချိန်မှာ သူပြောင်းလဲချင်ပေမဲ့
ဂျင်ကသူ့ကိုနာကြည်းနေတယ်လေ
ဂျင်သာ သူ့ကိုနည်းနည်းမြင်အောင်
ကြည့်ပေးလိုက်ပါ ..
အရင်ကကိစ္စတွေကိုမေ့ပြီး
အမေ့ကိုနည်းနည်းလောက် ချစ်ကြည့်ပါလား
အရင်ကမကောင်းခဲ့ရင်တောင်
ဂျင့်အချစ်တွေကြောင့်
ပြောင်းလဲလာနိုင်တာဘဲလေ
အမေ့ကိုချစ်ကြည့်တာ အရှုံးမရှိဘူး
ဟုတ်တယ်မလား "

" ဂျောင်ဂု.... "

" မင်းလည်းငါ့ကိုမုန်းနေတာ "

" ... "

" အဲဒါကြောင့် အမေ့ဘက်ကပါနေတာ...
ငါ့ကိုမုန်းနေတာ... အမေဒီလောက်
မကောင်းတာတွေ လုပ်ထားတာတောင်
မင်းကငါ့ကိုအပြစ်တင်တယ် "

" ငါ့ကိုအခုထိ မကြည်သေးဘူးမလား "

" ငါက ဂျောင်ဂီအပေါ်အမြတ်ထုတ်ပြီး
သိပ်မမျှတတာတွေ လုပ်ခဲ့တာကလွဲရင်
မင်းနဲ့ဘာရန်ငြိုးရှိလို့လဲ
ဂျောင်ဂီတောင် အပြစ်မမြင်တာ
မင်းကဘာလို့ ရန်ငြိုးထားပြီး မုန်းနေရတာလဲ
ငါက အဲလောက်မုန်းစရာကောင်းနေလား "

" အရက်သောက်ထားတာလား "

" စကားလမ်းကြောင်းမလွဲနဲ့...
မင်းငါ့ကိုမုန်းနေတယ်ဆိုရင်လည်း
ဘာလို့ငါ့ဆီလာပြီး အကူအညီတွေပေးပေးနေလဲ "

" တကယ်မုန်းတယ်ဆိုတာ
ဘယ်လိုလဲပြပေးရမလား "

ဂျောင်ဂု ကင်မ်ဆော့ဂျင်ကို အံကြိတ်သံနဲ့
ပြောလိုက်သည်။
ဒီလူက လူကိုအသည်းယားအောင်လည်း
ရန်ထောင်တတ်သေးတယ်လား။

မချစ်ဘူး~မုန်းတယ် [✓]Where stories live. Discover now