ဒါပေမယ့်ဝမ်ရိပေါ်ရဲ့အိပ်မပျော်နိုင်ဖြစ်နေတဲ့အသံတွေကြောင့်ရှောင်းကျန့်ကတော့နိုးလာခဲ့သည်။

"ဘာဖြစ်နေတာလဲဝမ်ရိပေါ်
ထပ်ပြီးအသံထွက်လာမယ်ဆိုရင်အပြင်မှာသွားကင်းစောင့်တော့..."

ရှောင်းကျန့်ကကုတင်အပေါ်က၊ရိပေါ်ကအောက်ဘက်နေရာမှာဖျာခင်းပြီးအိပ်ရတာဖြစ်သည်။ရှောင်းကျန့်နဲ့ဝမ်ရိပေါ်အိပ်ရာကသိပ်မဝေးသော်ကြောင့်ဝမ်ရိပေါ်‌လှုပ်ရှားသမျှကိုရှောင်းကျန့်ကြားနေရတာဖြစ်သည်။ ဒီနေ့မှကဏာမငြိမ်ပုံထောက်ရင်ရင်ယွီဖန်းအာကိုအပြစ်ပေးထားလို့ဖြစ်မယ်။ ရှောင်းကျန့်ဝမ်ရိပေါ်ကိုကြည့်မရဖြစ်လာတာနဲ့အိပ်ရာပေါ်ကခေါင်းအုံးနဲ့ပစ်ပေါက်လိုက်သည်။

"ထပ်ပြီးအသံထွက်ရဲထွက်လာကြည့်.."

‌ဝမ်ရိပေါ်ကခေါင်းအုံးကိုဆီးဖမ်းလိုက်ပြီးခေါင်းအုံးဆီကသခင်လေးကိုယ်သင်းနံ့ကိုရှူရှိုက်လိုက်သည်။ သခင်လေးချိန်းခြောက်တာကိုဒီကောင်မကြောက်တာကြာပါပြီဗျာ..။

"သခင်လေး"

"ဘာလဲ!"

"ကျွန်တော်ဘာဖြစ်နေမှန်းမသိဘူး"

"ဝမ်ရိပေါ်.. ပြောချင်တာရှိတာမြန်မြန်ပြော
ငါအိပ်ချင်ပြီ"

"ကျွန်တော့်‌ဟိုဟာဘာဖြစ်နေမှန်းမသိဘူး
ရှူးပေါက်ချင်တာလည်းမဟုတ်ဘူး
အောင့်လည်းအောင့်တယ်"

ရှောင်းကျန့်ရဲ့အိပ်ချင်နေတဲ့မျက်လုံးတွေပြူးကျယ်ကုန်သည်။ ဒီကောင်လေးလူပျိုဖော်ဝင်ပြီ။ သူကဟိုနှစ်ကတည်းကလူပျိုဖော်ဝင်ထားလို့ဒီ‌ကိစ္စကိုဘယ်လိုဖြေရှင်းရမလဲသိနေပြီးပြီ။ သူတို့မှာရုပ်ပြတွေရောစာတွေရောသင်ရတယ်။ ဝမ်ရိပေါ်ကိုတော့ဘယ်သူကမှဒီအကြောင်းသင်ပေးထားမယ့်ပုံမရှိဘူး။ သူ့လိုသခင်လေးကလည်းဒီရှက်စရာကိစ္စကိုဘယ်လိုလုပ်နှုတ်မှာတင်ပြီးဝမ်ရိပေါ်လိုအစေခံကိုသင်ကြားပေးနိုင်မှာလဲ။ အရမ်းရှက်ဖို့ကောင်းတာဘဲ။

"သွား ဦးမာလုံဆီသွားပြီးဘယ်လိုလုပ်ရလဲမေးလာခဲ့
မင်းရှေ့ကဟာကိုလည်းဖုံးဖိသွားဦး
ဘယ်မိန်းကလေးကိုမှန်းနေမှန်းမှမသိတာ
ဒီလောက်လူပျိုစောစောဝင်ရအောင်"

"သခင်လေးကမာနကြီးလွန်းတယ်.."(COMPLETED)Where stories live. Discover now