Chapter 3 ( Zawgyi)

Start from the beginning
                                    

" Osen..."

နွေဉီးရဲ့မြေသင်းရနံ့ခပ်သင်းသင်းလို... ရင်ခွင်တစ်စုံဟာ Osenကို ခပ်တင်းတင်း ထွေးဖက်ထားခဲ့တယ်...။ ထိုအချိန်က လေပြည်ဟာ Osen နာမည်ကိုပဲ ထပ်ခါတလဲလဲ ရေရွတ်နေရင်း... ရင်ခွင်ထဲ ကလေးငယ်တစ်ဉီးကို ထွေးဖက်နှစ်သိမ့်ပေးခဲ့တယ်...။

ဇွန်လဟာ မထင်မှတ်ထားပါဘဲ ပူလောင်မှုတွေ အလီလီ ပြည့်နှက်နေလေတယ်။ Osenရဲ့ အိမ်အပြန်လမ်းတစ်လျောက်ဟာ ဝေဝေဝါးဝါး...။

" Osen... မင်း ဘာဆက်လုပ်မလဲ?"
Veter မျက်ဝန်းတွေဟာ ကလေးကို ငုံ့ကြည့်ရင်း... ခပ်တိုးတိုးရေရွတ်လာခဲ့တယ်...။

" အဖေ့ကို စောင့်မယ်။ "
Osen အဖေဟာ ရုရှားအမိမြေရဲ့ စစ်သား တစ်ဉီးဖြစ်တာမို့၊ တော်ရုံ အိမ်ပြန်လာလို့ မရပေ...။ ဖခင်ရဲ့ ရဲရဲရင့်ရင့် ယောကျာ်းသားပုံရိပ်ဟာ Osen စိတ်အလျဉ်ထဲ ပြေးဝင်လာတယ်...။ အမိရုရှားရဲ့ သူရဲကောင်း...။ သေနတ်တစ်လက်နဲ့ တရားမျှတမှုကို ဆောင်ကြဉ်းချင်ပါတဲ့ သူရဲကောင်းဖခင်...။

Veterက ခပ်ဖွဖွ သက်ပြင်းချရင်း၊ Osenရဲ့ လက်သေးသေးလေးကို ဆုပ်ကိုင်လျက်၊ ဒူးကွေးရင်း၊ Osen ရဲ့ ဝမ်းနည်းပူဆွေးမှုတြွေပည့်နှက်နေတဲ့ မျက်ဝန်းတွေကို ရင်ဆိုင်လာတယ်။

Veterရဲ့ အဆုံးမဲ့ နက်မှောင်နေတဲ့ မျက်ဝန်းတွေက တစ်စုံတစ်ခုကို ဆုံးဖြတ်ခဲ့ပြီးပုံပါပဲ။ Veterရဲ့ နူတ်ခမ်းပါးတစ်စုံက ရုရှားဘာသာနဲ့ ခပ်နှေးနှေးလေး စိတ်ရှည်စွာ ရေရွတ်လာခဲ့တယ်။

" Osen... အခုကာလက ကျူးကျော်စစ်ပွဲကို ဉီးတည်နေပြီလို့ ငါ တွက်ထားတယ်။ မင်းလို ကလေးတစ်ယောက်အနေနဲ့ အကာအကွယ်မဲ့တဲ့နေရာမှာ နေလို့မရဘူး။ ငါနဲ့အတူတူ တခြားမြို့ကို လိုက်ခဲ့မလား။"

ပြီးနောက် veterက သူ့အနက်ရောင်ဆံပင်ခပ်တိုတို'တို့ကို ခါယမ်းရင်း ဆက်ပြောလာတယ်။

" မဟုတ်ဘူး... ကျူးကျော်စစ်က သေးဖွဲ့မနေနိုင်ဘူး။ ငါတို့ ဒီမြို့က ထွက်သွားနိုင်မယ်ဆိုရင်တောင် ကမ္ဘာစစ်ကို ဉီးတည်နေတာဆိုရင်တော့... ဒီစစ်ပွဲကို ရှောင်ရှားလို့မရနိုင်ဘူး။ ဒါပေမဲ့..."

" Veter ငါ ဒီမြို့မှာပဲ နေချင်တယ်..."

" ကောင်းပြီ..."

Autumn's Breeze ( осень ветер ) CompleteWhere stories live. Discover now