Chapter 8 ( Ending )

Start from the beginning
                                    

Osenက တကယ့်ကို ကောင်းမွန်တဲ့ စာရေးဆရာတစ်ယောက် ဖြစ်ခဲ့တယ်။ သူ့ဘဝတစ်သက်သာကို စာတွေ ရေးရင်း ကုန်ဆုံးသွားခဲ့တယ်။ မွေးဖွားချိန်က အစလို့၊ သေဆုံးချိန်ထိတိုင်အောင် ဘယ်သူ့ကိုမှ ပေးမဖတ်ဖြစ်ခဲ့တဲ့ တစ်ခုထဲသော ဝတ္ထုတစ်ပုဒ်ကိုလည်း ရေးသားခဲ့ပါသေးတယ်။ ဒါဟာ နွေဦးလေပြည်လို့ အမည်ရတဲ့ သူ့ရဲ့ တစ်ခုထဲသော အတိတ်ဇာတ်ကြောင်းပါပဲ...။

Autumn's Breeze ( осень ветер )

Osenက အဝါနုရောင် ဒိုင်ယာရီတစ်အုပ်ရယ်၊ ဟောင်းနွမ်းနေပြီဖြစ်တဲ့ ချည်အိတ်လေးနှစ်အိတ်ရယ်၊ လည်ပင်းထက်က လည်ဆွဲတစ်ခုနဲ့ Chamomile ပန်းတစ်ပွင့်ကို resin လုပ်ထားတဲ့ ဓာတ်ပုံဘောင်လေးရယ်နဲ့အတူတူ သေဆုံးချိန်နောက်ဆုံး ထွက်သက်အထိ အတူတူ ရှိနေခဲ့ပါတယ်။

သူ့နံဘေးမှာတော့ တစ်စုံတစ်ယောက်သောသူကို ပြောပြချင်ခဲ့တဲ့ စကားတွေကို ရေးထားတဲ့ စာရွက်လေးတစ်ခု ကျန်ရှိခဲ့တယ်။

စာရွက်ထဲက လက်ရေးစီစီရီရီလေးတွေဟာ နောက်ဆုံး အချိန်ထိ ထိုတစ်ယောက်သောသူကို ​လွမ်းဆွတ်တမ်းတနေခဲ့ပုံပါပဲ။

' Dear... လေပြည်....

ငါ မင်းရဲ့ အိပ်မက်အတိုင်း စာရေးဆရာတစ်ယောက် ဖြစ်လာခဲ့ပါပြီ။ ငါ မင်းကို အများကြီး ပြောစရာ စကားတွေ ရှိပါရဲ့...။

Veter... Veter မင်းကပဲ အမြဲ ငါ့ကို ကာကွယ်ပေးခဲ့တယ်နော်...

ပင်ပန်းနေပြီလား...

ငါလည်း မင်းကို ကာကွယ်ပေးချင်ခဲ့တာပါ Veter...

Veter... ငါရဲ့ လေပြည်လေးရေ...ရွှေရောင်မြေရဲ့ အဖိုးတန်ကလေးငယ်ရေ...
လောကကြီးက လှပတယ်ဆိုတာ ငါ့ကို သိမြင်ခွင့်ပေးခဲ့လို့ ကျေးဇူးပါ...။

မင်းက ဒီအသက်၂၂နှစ်အရွယ်မှာ ထာဝရ တည်ရှိနေခဲ့ပြီ...။ ငါကတော့ တဖြေးဖြေးနဲ့ ဒီထက် ကြီးပြင်းသက်ဝင်လာပြီဖြစ်တဲ့ နွေဦးပါပဲ။ ငါက တဖြေးဖြေး ရင့်ကျက်လာတဲ့ ရာသီဥတု တစ်ခု ဖြစ်လာခဲ့ပြီ veter...

ငါက မင်းထပ် ပိုအရွယ်ရောက်လာပြီဖြစ်တဲ့ သက်လတ်အရွယ် ယောကျာ်းတစ်ဦး ဖြစ်လာပါပြီ။ ငါက မင်းကို ကာကွယ်ပေးနိုင်ပြီဖြစ်တဲ့ အမျိုးကောင်းသားတစ်ဦးဖြစ်လာတဲ့အထိ သန်မာလာခဲ့ပြီ Veter

ငါ မင်းကို တောင်းပန်စရာရှိသေးတယ်။
တောင်းပန်ပါတယ် Veter...
ငါ အတ္တကြီးမိပါတယ်လို့လည်း ဝန်ခံပါတယ် Veter...ငါ စစ်ပွဲကြီး ပြီးတော့ မင်းရဲ့ ခန္ဓာကိုယ်ရှိရာ ရောက်အောင် ပြန်သွားခဲ့ပြီး အရိုးပြာရအောင် ယူခဲ့တယ်လေ။ မင်းရဲ့ အရိုးပြာကို ငါဟာ မင်းအမိမြေမှာ မျောလွင့်သင့်ပေမဲ့၊ ငါ မလုပ်နိုင်ခဲ့ဘူး...။ မင်းရဲ့အရိုး ပြာနုနုနဲ့ လည်ဆွဲတစ်ခု လုပ်ထားပြီး ငါ့လည်ပင်းထက်မှာ ဆောင်ထားလေ့ရှိတယ်။ ငါ ရူးနေပြီမှတ်လား။

မင်းက ဗုဒ္ဓဘာသာဝင်မို့ နောင်ဘဝရှိမယ်လို့ ယုံကြည်တယ်မှတ်လား...။ ဒါဆို အဖဘုရားသခင်ရဲ့ ကောင်းကင်ဘုံမသွားဘဲ၊ ငါ့ရှိရာ chamomileတွေပွင့်ရာ အရပ်ဒေသကို ပြန်လာခဲ့ပါ...

မင်းရဲ့ soulမျောလွင့်ရာ အရပ်ဒေသဟာ ရွှေဝါရောင်ပိတောက်မြေ မဟုတ်ပါဘဲ... chamomile တွေရဲ့ အရပ်ဒေသ ဖြစ်ပေးနိုင်မလား... veter...

ငါ့လေပြည်ရေ... မင်းရဲ့ အိမ်အပြန်လမ်းက ငါ့ဆီကိုပဲ ဆိုက်ရောက်ဖို့ ငါဟာ ဘုရားသခင်ရှိရာ တောင်းဆုခြွေခဲ့ပါတယ် ...။

မင်းရဲ့ နွေဦး(Osen)

နွေဦးလေပြည်ဟာ ဆိုက်ရောက်လာခဲ့ပြီမို့၊ လူသားနှစ်ဦးကလည်း တစ်ချိန်ချိန်မှာတော့ အတူတူ ရှိသွားကြပါလိမ့်မည်ပင်...။ နွေဦးလေပြည်ဟာ ဒီမှာတင် အဆုံးသတ် ပြီးဆုံးသွားခဲ့ပါပြီ...။

Autumn's Breeze ( осень ветер )

Autumn's Breeze ( осень ветер ) CompleteWhere stories live. Discover now