အပိုင်း ၆၇

Start from the beginning
                                    

" ယယလည်း ကြိုက်တယ် ခစ်ခစ် "

ထို့နောက် Wang YiBo's video များကိုသာ သီးသန့် ရှာကြည့်ဖြစ်တော့သည်။ သမီးဖြစ်သူမှာလည်း Wang YiBo အား အရမ်းကို သဘောကျနေလေတော့သည်။ သော်လင်းမှာမူ အရင်တည်းက နှစ်သက်ခဲ့ရသူဖြစ်၍ ယခု၌မူ အကြိုက်တူအ ဖော်တစ်ယောက်ပါ ထပ်ရလေခဲ့ပြီး။

အိမ်ထဲဝင်လာသည့်အထိ လူတစ်ယောက်မှမတွေ့ရ။ ညနေ့ ၆ နာရီ ၃၀ ကျော်နေပြီးဖြစ်၍ ထမင်း ချက်အဒေါ်ကြီးလည်း သူနေထိုင်ရာသို့ ပြန်သွားလောက်ပြီး။ အိမ်ကြီးတစ်ခုလုံးမှာ တိတ်ဆိတ်နေ၏။ အပြေးထွက်ကြိုနေကျ ကလေးငယ်နှင့်သမီးဖြစ်သူကိုလည်း မတွေ့ရသေး၍ ဒုတိယအ ထပ်ရှိ အိပ်ခန်းဆီသို့ မြန်မြန်တတ်ခဲ့လိုက်သည်။ အခန်းတံခါးဖွင့်ဝင်လိုက်လျှင် သမီးဖြစ်သူကို
ရင်ခွင်ထဲထည့်ဖက်ထားလျက် ဖုန်းကြည့်နေသော ကလေးငယ်။

" daddy ပြန်ရောက်ပြီး "

အသံပြုလိုက်လျှင် ပြိုင်တူလှည့်ကြည့်လာသော အကြည့်တစ်ချက်။ ပြီးလျှင် ဖုန်းထံပင် အာရုံပြန်စိုက်သွားလေပြန်သည်။

............

ကလေးငယ်အားဖက်လိုက်သော်လည်း ဖက်မိသွားသည်မှာ လေဟာနယ်ပြင်ကိုပင်။ အပေါ့အ ပါးသွားသည်ဟုတွေးလျက် ခဏမျှစောင့်နေသော်လည်း ဘေးအိပ်ယာနေရာသည် အတန်ကြာသည့်အထိ လစ်ဟာနေဆဲ။

ကလေးငယ်မှာ တစ်ခါတလေ ကုတင်အောက်ကျတတ်သေး၍ အခန်းမီးခလုပ်ကိုဖွင့်လိုက်ပြီး ကုတင်အောက်၌ရှာကြည့်လိုက်သော်လည်း ကလေးငယ်နှင့်တူတာကို မတွေ့ရပေ။ ရေချိုးခန်းမှ ရေကျသံတို့ကို နားထောင်လိုက်သော်လည်း ရေသံမကြားရ။ ကလေးငယ်မှာ ညဘက်အပေါ့ပါးသွားလျှင် အိပ်ခန်းနှင့်တွဲလျက်ဖြစ်သော်ငြားလည်း တံခါးပိတ်မရဲသူဖြစ်၍ ရေဆွဲချသံတို့ကိုကြား ရတတ် ၏။ ခု၌...

ဒေါင်းမာန်အခန်းမီးအား ဖွင့်လိုက်သည်။ ပြီးလျှင် အခန်းပြင်ထွက်ပြီး အောက်ထပ်ရှိထမင်းစားခန့်ဘက်သို့ ထွက်ရှာဖြစ်သည်။ ထမင်းစားခန်းသည် မှောင်နေသော်လည်း ဖြာထွက်နေသောအလင်း တစ်ချို့ကိုမူ လှမ်းမြင်နေရ၍ ဝင်လာခဲ့လိုက်လျှင် ရေခဲသေတ္တာဖွင့်လျက် ဆောင့်ကြောင့်ထိုင်နေသူတစ်ဦး။ ညဝတ်ဖဲသားအဝါနုအင်္ကျီလေးနှင့် ရေ ခဲသေတ္တာတံခါးထဲ ခေါင်းဝင်နေသော ကလေးငယ်အနီးသို့ လျှောက်သွားလိုက်သည်။

ချစ်မြဲ ချစ်ဆဲWhere stories live. Discover now