အသံတစ်စက်ကလေးတောင် ထွက်မလာတော့တဲ့ Osenကို Veterက လျင်မြန်စွာ ရင်ခွင်ထဲ ထည့်ရင်း ရှိုက်ငိုလာခဲ့လေတယ်။ ဒါက Veterက Osen ရှေ့မှာ ငိုကြွေးခဲ့ဖူးတဲ့ ပထမဆုံးသာ အကြိမ်နဲ့ နောက်ဆုံးသော အခေါက်ပဲ ဖြစ်တယ်။

မဟူရာ နက်မှောင်နေတဲ့ မျက်ဝန်းလှလှတွေထဲ တအိအိပဲ့ကြွေလာတဲ့ အရည်ကြည်ရောင်တွေဟာ Osen မျက်နှာထက်ကို တစ်စက်ချင်းစီ...လှိမ့်ဝင်ကျရောက်လာလေတယ်။ Osen ရေခဲပြာရောင်မျက်ဝန်းတွေက Veterကိုပဲ ငေးမော စိုက်ကြည့်နေခဲ့လေတယ်။

" မငိုပါနဲ့...Veter"

" အင်း..."

" ပြောသားပဲ ကာကွယ်ပေးမှာပါလို့..."

" တောင်းပန်ပါတယ် Osen" တဲ့။ သူ ပထမဆုံး လူသတ်မိခြင်းအပေါ်မှာ Veterက ထိုစကားတစ်ခွန်းသာ တုံ့ပြန်လာခဲ့တယ်...။

Osen ဒီစစ်ပွဲကြားမှာ ရှင်သန်ဖို့....၊ ဘဝမှာ ရှင်သန်ဖို့ရာအတွက်... သင်ခန်းစာတစ်ခုကို သိလိုက်ရပြီ။ ဒီလို ကြမ်းတမ်းလှတဲ့ လောကကြီးမှာ ရှင်ဖို့အတွက်ဆို တိုက်ခိုက်ရမယ်ဆိုတာပါပဲ။

လူကောင်းအဖြစ် နေလို့ မရတော့တဲ့ ဘဝရဲ့ အခိုက်အတန့်တစ်ခုစာမှာ...မင်းဟာ လူကောင်းအဖြစ် ဆက်နေဖို့ ရွေးချယ်မယ်ဆိုရင်... ပျောက်ဆုံးသွားမှာပဲ။ တိုက်ခိုက်သင့်တဲ့အချိန်မှာ လူဆိုး၊ လူကောင်းရယ်လို့ တွေးနေလို့ မရဘူး...။

အကယ်၍ Osenသာ အဲ့ဒီလူကို မသတ်ဖို့ ရွေးချယ်ခဲ့ရင်၊ အဲ့ဒီလူသာ အနိုင်ရရှိသွားခဲ့ရင်...၊ သူနဲ့veterဆီက အစားအသောက်တွေကိုပါ လုယူခံရပြီး...၊ အသတ်ခံရမှာ ဖြစ်တယ်။ သူတို့ဆီ လုယက်တဲ့လူအပေါ် မေတ္တာထားနေရလောက်တဲ့အထိ Osenက စိတ်ထားမကောင်းနိုင်ပေ။

တိတ်ဆိတ်နေတဲ့ Osenက အရင် Osenနဲ့ ခြားနားသွားတယ်။ ဒီအဖြစ်အပျက်ကနေ Osenက အရွယ်ရောက် ကြီးပြင်းခြင်းကို ရောက်ရှိခဲ့ပြီပင်..။

" Osen... "

Veterရဲ့ သူ့အမည်နာမကို ခေါ်သံဟာ Osen ပခုံးသေးသေးကို တုန်ယင်စေနိုင်လေတယ်။

Autumn's Breeze ( осень ветер ) CompleteWhere stories live. Discover now