ဂျောင်ဂု ထယ်ကို ခေါ်ပြီးအိမ်ကိုမောင်းလာခဲ့တယ်
"ရောက်ပြီ ဆင်းလို့ရပြီ""မဆင်းပါဘူး မင်းခိုင်းတိုင်းလုပ်စရာလား"
"ကြည့်ရတာ ချီခေါ်ခံချင်တယ်နဲ့တူတယ်"
"မင်း အ့!"
ထယ်ဘာမှမပြောလိုက်နိုင်ခင် ထယ့်ကိုကားပေါ်ကပွေ့ချီလိုက်သော ဂျောင်ဂုပင်"ဂျောင်ဂု မင်း မင်း!ဘာလုပ်တာလည်းငါ့ကိုအောက်ချပေး"
"ကို့ယောကျာ်းကို ချီတာဘာဖြစ်လည်း"
"မင်းနော်!!"
"ငြိမ်ငြိမ်နေ မဟုတ်ရင်ပစ်ချလိုက်မှာနော် ...."
အဲ့လိုပြောမှငြိမ်သွားပြီး ဂျောင်ဂု ဂုတ်ကိုလက်နဲ့ဖက်တွယ်လိုက်တဲ့ထယ်ဂျောင်ဂု ထယ့်ကိုချီရင်းသူအခန်းထဲခေါ်လာခဲ့သည်။
"Yahh ငါ့အခန်းငါသွားမှာပေါ့"
"အခန်းထဲကအရက်နံတွေ ခံနိုင်ရင်သွားချင်သွားပေါ့"
"မင်း ငါ့အခန်းထဲအရက်တွေ သွားသောက်နေတာလား"
"အင်း နေတိုင်းလိုလိုဘဲ"
"လာ ဘေးမှာလာအိပ်""မအိပ် အ့"
ထယ်စကားတောင်ဆုံးအောင်မပြောရသေးခင် ဆွဲချလိုက်တာကြောင့်
"အာာ ငါ့လက်ကောက်ဝတ်လေး မင်းတော့!""......."
"ဂျောင်ဂုဘာလို့ ငါ့ကိုအဲ့လိုကြီး စိုက်ကြည့်နေရတာလည်း"
"ဒီရက်ပိုင်းတွေ အတွင်းအတိုးချလွမ်းခံရတဲ့ မျက်နှာလေးကိုအဝကြည့်နေတာ"
ထိုနောက် ထယ်ကိုရင်ခွင်ထဲဆွဲထည့်လိုက်သည်။
"ဂျောင်ဂု.... "
"ရှူးး ဒီတိုင်းလေးဘဲ ငြိမ်ငြိမ်လေးနေပေး"
မိနစ်အနည်းငယ်ကြာတော့
"ဂျောင်ဂု"
"အင်း"
"ငါ ငါတောင်းပန်ပါတယ်"
"ဘာကိုလည်း ထယ်ရဲ့"
"ငါအဖေက မင်းတို့မိသားစုကိုလည်းပြိုကွဲစေခဲ့မိတယ် အဲ့ဒါကိုငါကလည်းဘာမှမဆိုင်ဘဲ လူလိုနားမလည်ခဲ့ဘဲ မင်းကိုဒုက္ခတွေထပ်ပေးခဲ့မိတယ် ငါ ငါမင်းကို တွေ့တိုင်းမင်းအပေါ်အပြစ်ရှိသလို အင့်.... "
YOU ARE READING
"LIE"