'အိမ်ရှေ့စံက'

'ဟုတ်တယ် အိမ်ရှေ့စံက အရင်က
အိမ်ရှေ့စံတွေ ရှင်ဘုရင်တွေရဲ့ သွင်ပြင်နဲ့မတူဘူးလေ´

'အဲ့အချက်လေးနဲ့လား'

'သေချာတာကတော့ အကုန်လုံးကို ကံကြမ္မာက သတ်မှတ်ပြီးသား ဆော့ဂျင်၊မင်း မကြာခင် သိရလိမ့်မယ်။ငါသွားတော့မယ် မင်းလည်း အိမ်ရှေ့စံဆီ သွားလိုက်ဦး´

'ကောင်းကောင်းသွား ချန်လေး'

{~}{~}

"အစ်ကို!!"

'ပြောလေ ဂျွန်၊ဘာဖြစ်လို့လဲ'

"ကြည့်ကောင်းလိုက်တာ"

'သိပါတယ်လေ၊ကင်မ်ဆော့ဂျင်ဆိုတော့လည်း'

နှုတ်ခမ်းချွန်ချွန်လေးနဲ့ ပြောလာတဲ့ အစ်ကိုက သူ၀ယ်ပေးတဲ့ပိုးဖဲသား အပြာနုလေးနဲ့ လိုက်ဖက်လွန်းစွာပင်။ဖျော်ဖြေရေးအတွက် ရိုးရာအကကို ပိုင်နိုင်စွာ ကနိုင်တဲ့ မိန်းမပျိုလေးတွေကို ဖိတ်ထားတာမို့ သူ(မ)တို့နဲ့ သွားတွေ့ဖို့ အရပ်၀တ်စုံတွေ၀တ်ရမှာမို့ အစ်ကို့ကို အတင်း၀တ်ခိုင်းတာပင်။

'ဒါနဲ့လေ ဂျွန်သိလား၊အစ်ကို မြင်းကောင်းကောင်းစီးနိုင်သွားပြီ'

"မြန်လိုက်တာ"

'မနေ့ကချန်းလေးနဲ့ တောင်ပေါ်ဘက်ကို ပြိုင်စီးတာ အစ်ကိုနိုင်သွားတယ်လေ၊
ဆန်အရက်နဲ့ ကြက်သားစွပ်ပြုတ် စားခဲ့ရတယ်'

"အဲ့တာကြောင့် အနံ့ထွက်နေတာကို"

'မထွက်ပါဘူးနော်၊နည်းနည်းလေးမှ နည်းနည်းလေး...ဒေါ်ကြီးယန်းက ကြက်သားစွပ်ပြုတ်တွေအများကြီးတိုက်တာ'

"ပျော်လာတယ်ပေါ့၊မနာလိုစရာကောင်းလိုက်တာ"

'ဒါပေါ့ အများကြီး​ပျော်လာတာ၊မိန်းမလှလေးတွေကလည်းလေ ၀ိုင်းကြည့်ကြတာ ရှက်တောင်ရှက်တယ်'

"ဒီမျက်နှာကိုများ အပိုတွေ"

'၀န်တိုစိတ်တွေ မဖြစ်ပါနဲ့ အိမ်ရှေ့စံ၊
ဒါကတော့ ကိုယ့်ဘုန်းကံနဲ့ကိုယ်လေ'

"စကားပြောကို ထိန်းပါ အထိန်းတော်
ကင်မ်"

'ဂျွန်ကလည်း၊ရိုးရာအကမယ်လေးတွေကို သွားတွေ့ကြရအောင် အစ်ကို
မနောက်တော့ပါဘူး'

More Than ForeverWhere stories live. Discover now