" ဖာ့ခ်ပဲ....''

ကျန်းရှုက ရှောင်ချိန်မရလိုက်တာကြောင့် သူ့အဝတ်တွေ တဝက်လောက် ရေစိုသွားလေတယ်။ ဒါကြောင့်မို့ အံကိုကြိတ်ကာ ပြောလိုက် တယ်။

" ခများကြီး စောက်ရမ်းကိုပဲ.....  ဒါက ခများကြီး တမင်ရည်ရွယ်ပြီးလုပ်တာမလား! "

" အာ...''

ရှုပေါ်စုက ပြောလိုက်တယ်။

" အဲ့တာတွေက စိုကုန်ပြီဆိုတော့လေ.... ကိုယ်တို့ အဲ့တာတွေကို အတူတူ လျော်ကြမလား?''

" ခများက တကယ်ကြီး ရည်ရွယ် ပြီးတော့ လုပ်တာပေါ့လေ?''

ကျန်းရှုက ရှုပေါ်စု ကိုက်တော့မယ့် ရန်ဖြစ်ချင်တဲ့ ယုန်တစ်ကောင်လို ကြည့်နေခဲ့တယ်။

" မင်းလေးက အဲ့လိုတွေ တွေးနေတာကိုး''

ရှု လူလိမ် ပေါ်စုက အပြုံးခပ်ကြီးကြီး ပြုံးပြလိုက်တယ်။

" အဝတ်တွေကို လှဲလိုက်လေ။ ကိုယ်အဲ့တာတွေကို နောက်ကျရင် လျှော်လိုက်မယ်လေ။ ''

ကျန်းရှုက သူ့မျက်နှာကို သုတ်လိုက်တယ်။

" ကျွန်တော်က ဒီထဲကို ဘာအဝတ်အစားကိုမှ ယူမလာဘူး။ ''

" မလိုအပ်ဘူး လေ''

ရှုပေါ်စုက ပြောလိုက် တယ်။

" မင်းနဲ့ ကိုယ်နဲ့က တစ်ခန်းထဲမှာ တောင်အတူတူ နေကြသေးတာပဲ။ မင်းက တစ်ကိုယ်လုံး ဘာမှမဝတ်ထားလဲ .... ကိုယ်ကတော့ ဘာမှကန့်ကွက်စရာ မရှိပေါင်''

" ဒါဆို ခများက အတော်သဘောထား ကြီးတာပဲ ဗျနော်''

ကျန်းရှုက ဘေးပတ်ဝန်း ကျင် ကို လှည့် ကြည့် ကာ အစောက သူပြောတဲ့ အတိုင်း လုပ်တော့မယ့် ဟန် ဆုံးဖြတ်ချက် ချပြီးတဲ့ ပုံစံပဲ ။

" ကောင်းပြီလေ။ ဒီအဖိုးကျန်းအတွက် နေရာတစ်ခု လုပ်ပေးစမ်း ''

" လာစမ်းပါကွာ ''

ရှုပေါ်စုက ဘေးကို အနည်းငယ် တိုးပေးလိုက်တယ်။

ဒါပေမယ့် ရေချိုးခန်း ကလည်း အဲ့လောက်ပဲကျယ်တယ်။ ကျန်းရှုက သူ့ရှပ်ကို ချွတ်ဖို့ မြှောက်လိုက်တဲ့အခါ သူ့ရဲ့ တံတောင်က ရှုပေါ်စု ရဲ့ ကိုယ်ကို ထိသွားလေတယ်။ မင်းအဲ့တာကို စိတ်ကူးယဥ် ကြည့်စမ်းပါ ။ အကွာအဝေး အရမ်းကြီး မရှိပဲ ထိစပ်နေတဲ့ မြင်ကွင်းကိုလေ။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now