ရှုပေါ်စု က ပစ္စည်းတွေ ကို သယ်လာရင်းနဲ့ ရေခဲသေတ္တာ ကိုဖွင့် လိုက်တယ်။ ထိုထဲမှာ ကျန်းရှု ရဲ့ အကြိုက် ဆုံး ဖြစ်ဟန်ပေါ်တဲ့  အသားတွေနဲ့ အသီးအရွက်တွေ ကိုတွေ့လိုက်ရတယ်။ ပြီးတော့သူက ထိုအရာတွေကို ထုတ်ယူပြီး စတော်ဘယ်ရီ ကိတ်လေးကို ထိုအထဲဆီ ဂရုတစိုက် နဲ့ ထည့်လိုက်တယ်။

" စတော်ဘယ်ရီလေး မင်းအထဲမှာ ဘာလုပ်နေတာလဲ? "

ရှုပေါ်စုက ရေချိုးခန်း တံခါးကို ခေါက်ကာ ပြောလိုက် တယ်။

" ကိုယ်အထဲကို ဝင်လာပြီး ရေချိုးချင်လို့''

"အိုကေလေ''

ကျန်းရှုက ပြောလိုက် တယ်။

" တံခါးက လော့ခ်မချထားဘူး။ ဝင်ခဲ့လေ။ ''

ရှုပေါ်စုလည်း အထဲကို ဝင်ဖို့ တံခါးကို ဖွင့်လိုက် တယ်။ အထဲက ကောင်လေးက သူ့ရဲ့ တီရှပ် ကြီးကို အပေါ်မြှောက်ထားပြီးတော့ သူ့ခါးလေးနဲ့ ခြေတံလေးကို ပြသထားတာကို တွေ့လိုက်ရတယ်။ ဒါက အတော်လေး ငြို့အား ပြင်းတာပဲကွဟေ။

ဒီလိုဆိုတော့မှ သူ့ကို ပထမဆုံးအကြိမ် ဘားမှာတွေခဲ့တာကို ပြန်အမှတ်ရစေတယ်။ ကောင်လေးက စကားလုံး အနည်းငယ် နဲ့တင် လူတွေအကုန်လုံးရဲ့ အာရုံကို ဆွဲယူနိုင်တယ်လေ။ သူပါအပါအဝင်ပေါ့လေ။

အိမ်သာလေးက တကယ့်ကို အစကတည်းက ကျဥ်း​မြောင်းပါတယ်။ ဒါပေမယ့် ရှုပေါ်စု တစ်​ယောက် ထိုအထဲကို ဝင်လိုက် ရင် တကယ်ကြီး ကျပ်ညှပ်နေတယ်လို့ပဲ တွေးမိတယ်။

ရေချိုးခန်း နဲ့ အိမ်သာက လက်တကမ်း အကွာမှာပဲ ရှိတယ်။

ရှုပေါ်စုက သူ့ရဲ့ အဝတ်တွေကိုချွတ်လိုက်ပြီးတော့ အဝတ်လျော် ဇလုံထဲကို ပစ်ထည့်ကာ ဘောင်းဘီ  တွေကိုမြှောက်တင်နေတဲ့ ကျန်းရှုဆီကို တစ်ချက် ကြည့်လိုက် တယ်။

"ခများက ဘာကို ကြည့်နေပြန်တာလဲ?''

ကျန်းရှု သေချာဆေးကြော ပြင်ဆင်ပြီးတော့မှ ထွက်လာခဲ့တယ်။

" ဖယ်ဗျာ''

ထိုအချိန်မှာပဲ ရှုပေါ်စုက ရေပန်းကို ဖွင့်ချလိုက်တာမို့ ရေတွေအကုန်လုံးက ထို၂ ယောက်လုံးပေါ်ကို ကျဆင်းကုန်လေတယ်။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now