ရှယွင်ဖန်းအလွန်စိုးရိမ်သွားသည်။ တကယ်တော့ဒီခရီးက သူပြောသလိုလုံခြုံစိတ်ချမှုရှိမနေပေ...သူချစ်ရသောသူ့ဇနီးချောလေး အသက်အန္တရာယ်တွေ့မှာကိုသူကြောက်သည်...
"ရှင်းယာ ငါ့စကားကိုနားထောင်စမ်း''
"ကိုကို့...ကိုကိုပြောတော့ အားလုံးစိတ်ချရတယ်ဆို ဘာလို့သဲကိုမလိုက်စေချင်ရတာလဲ ဘာလဲ ပြန်မနိုးလာနိုင်တာမျိုး ဖြစ်နိုင်တယ်မလား''
"တောက်...သဲရာ...ဒီကိစ္စကို ထပ်မပြောနဲ့တော့''
"မပြောတော့ဘူး သဲကသေချာပေါက်ကိုကိုနဲ့မခွဲဘဲရှိနေမှာ ကိုကိုသွားရင်သဲလဲသွားမယ်''
ရှင်းယာသည် ပြောချင်တာပြောပြီး ရေချိုးခန်းထဲဝင်သွားလိုက်သည်။
ရှယွင်ဖန်းလဲ စိတ်ညစ်ညစ်နဲ့ ဆံပင်ကိုခါလိုက်ပြီး လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။ ထို့နောက် ဖုန်းကိုယူကာ တစ်စုံတစ်ယောက်ကိုဆက်သွယ်လိုက်သည်။
"အစီစဥ်ပြောင်းသွားပြီ''
...........
ရှင်းယာ ရေချိုးပြီးပြန်ထွက်လာသောအခါ အခန်းထဲတွင်ရှယွင်ဖန်းရှိမနေပေ။ စားပွဲပေါ်တွင် တင်ထားသော Colaဖန်ခွက်ကိုတွေ့လိုက်ရသည်။
သူမ စိတ်ညစ်လျှင် Colaသောက်တတ်သည်ကို ရှယွင်ဖန်းသိထားသောကြောင့် ထားခဲ့ပေးတာဖြစ်လိမ့်မည်။ တော်ရုံတန်ရုံဆိုလျှင် ကျန်းမာရေးနှင့်မညီညွှတ်သောကြောင့် အချိုရည်အမြဲသောက်ခြင်းကို တားမြစ်တတ်သူက ယခုတော့ ကိုယ်တိုင်ထားခဲ့ပေးသည်။
ရှင်းယာလဲ စိတ်ညစ်ညစ်နဲ့ တစ်ခွက်လုံးကုန်အောင်သောက်ပစ်လိုက်သည်။ ထို့နောက် မျက်လုံးများမှေးစင်းလာသဖြင့် ခုတင်ပေါ်တက်အိပ်လိုက်တော့သည်။ သူမအခန်းထဲသို့လူအချို့ဝင်လာသည်ကိုပင်သူမ မသိတော့ပေ...
သူမ အိပ်ယာနိုးလာသောအခါ နောက်တစ်နေ့နေ့လည်ခင်းကိုတောင်ရောက်နေပြီဖြစ်သည်။ နိုးနိုးချင်းမြင်တွေ့လိုက်ရသောပတ်ဝန်းကျင်ကြောင့် သူမဦးနှောက်ကိုအလုပ်ပေးလိုက်သည်။
...မနေ့က ရှယွင်ဖန်းရဲ့ဟိုတယ်အခန်းမှာ မဟုတ်ဘူးလား ဘယ်လိုလုပ်အိမ်ပြန်ရောက်နေတာလဲ...
YOU ARE READING
I'm Not A Villian(oc) (Completed)
Fantasyဗီလိန် မဖြစ်ဖို့ကြိုးစားနေတဲ့ မိန်းကလေး...
အပိုင်း ၄၇
Start from the beginning