အပိုင်း ၃၂

1.8K 216 12
                                    

အပိုင်း ၃၂

ကားပါကင်တွင် ရှယွင်ဖန်းသည်သူ၏ အနက်ရောင်SUVကား ယာဥ်မောင်းဘေးဘက်ရှိ ကားတံခါးအားဖွင့်လိုက်ပြီး ရှင်းယာကို တက်ရန် ခေါင်းငဲ့ကာအချက်ပြလေသည်။

ကားပါကင်တွင် ရှယွင်ဖန်းသည်သူ၏ အနက်ရောင်SUVကား ယာဥ်မောင်းဘေးဘက်ရှိ ကားတံခါးအားဖွင့်လိုက်ပြီး ရှင်းယာကို တက်ရန် ခေါင်းငဲ့ကာအချက်ပြလေသည်။

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.


ကားပါကင်တွင် လူရှင်းနေသဖြင့် ရှင်းယာထိုနေရာမှာပင်မေးရန်ဆုံးဖြတ်လိုက်သည်။

"ဟိုလေကျွန်မ...''

"ကိုယ့်မှာအချိန်သိပ်မရဘူး မေးစရာရှိရင် တက်လိုက်...''

"အိုး...ဒါဆိုလဲ ကျွန်မပြန်လိုက်...''

"နောက်ရက်တွေက အလုပ်ဖွင့်ရက်တွေချည်းပဲ...''

သူပြောချင်တဲ့အဓိပ္ပါယ်ကိုသူမ သဘောပေါက်လိုက်သည်။ အခုမှမလိုက်ရင် နောက်တွေ့ဖို့အချိန်မရှိဘူး ဟု ဆိုလိုချင်တာဖြစ်သည်။

သူမ ဘာမှမတတ်နိုင်ဘဲ ကားပေါ်တက်လိုက်ရသည်။ ကားမောင်းနေချိန်တွင် သူမ သူ့ကိုမေးလဲမေးချင်သည် အနှောင့်အယှက်ပေးမိမှာလဲစိုးသည်။ ထို့ကြောင့် သူမ သူမေးမှပဲပြောတော့မည်ဟု ဆုံးဖြတ်လိုက်သည်။

"နေ့လည်စာ စားပြီးပြီးလား''

"ရှင်...ကျွန်မလား...မစားရသေးပါဘူး''

ထို့နောက် တဖန်တိတ်ဆိတ်သွားပြန်သည်။ သူမအရဲစွန့်ကာ စကားစလိုက်သည်။

"ကျွန်မ မေးချင်တာရှိလို့ပါ''

"ကားမောင်းနေတယ် အနှောက်ယှက်မပေးနဲ့''

"အော် ဟုတ်...''

သူမ အောင့်သက်သက်နှင့် ပါးစပ်ပိတ်လိုက်ရသည်။ မကြာခင်မှာပဲ စားသောက်ဆိုင်တစ်ဆိုင်ရှေ့တွင် ကားရပ်သွားခဲ့သည်။

သူမ ကားတံခါးကိုဖွင့်ကာ ဆင်းလိုက်သည်။ မင်းသမီးလေးလို သူလာဖွင့်ပေးမှာကိုစောင့်နေလို့တော့မဖြစ်သေးဘူးမလား...

I'm Not A Villian(oc) (Completed)Donde viven las historias. Descúbrelo ahora