အပိုင်း ၁၆

2.9K 283 2
                                    

အပိုင်း ၁၆

လွန်ခဲ့သောသုံးနှစ်ခန့်အကြာက ချိန်နိုင်ငံ၏အိမ်ရှေ့စံမင်းသား ချီဟွေ့ သည် အိမ်နီးချင်းတိုင်းပြည်သို့သံတမန်အဖြစ်သွားရောက်ခဲ့ရာ နှစ်နိုင်ငံနယ်စပ်အရောက်တွင် လုပ်ကြံသူများပေါ်လာပြီး တိုက်ပွဲဖြစ်ပေါ်ခဲ့သည်။ ရန်သူ၏စွမ်းရည်မြင့်မားမှုကြောင့် အိမ်ရှေ့စံမင်းသားနှင့်အဖွဲ့အရေးနိမ့်ခဲ့ရသည်။ အိမ်ရှေ့စံကိုယ်တိုင်လည်း ဒဏ်ရာအပြင်းအထန်ရခဲ့သည်။ နောက်ဆုံးအချိန်မှသာ သိလိုက်ရသည်က လုပ်ကြံမှု၏ခေါင်းဆောင်မှာ သူ၏ညီတော်ဖြစ်ပြီး သူ၏ဇနီးလောင်းဖြစ်သူ၏အကူအညီဖြင့် သူသွားမည့်လမ်းကြောင်းကိုသိရှိ၍ တပ်ပုန်းများချထားခဲ့ခြင်းဖြစ်ကြောင်း...

သေလုဆဲဆဲအချိန်မှာပင် သူ၏ညီတော်နှင့်ဇနီးလောင်းသည် တစ်ဦးကိုတစ်ဦး ကြင်နာစွာပွေ့ဖက်လျက် သူ၏မြင်ကွင်းမှပျောက်ကွယ်သွားသည်အထိ ကလူကျီစယ်နေကြသည်။

ထိုတိုက်ပွဲမှ အသက်လု၍ထွက်ပြေးခဲ့ရာ တောနက်တစ်နေရာရှိ လှိုင်ဂူတစ်ခုအတွင်းသို့ဝင်မိသွားသည်။ ထိုနေရာမှာ ရှေးဟောင်းဘုရင်တစ်ပါး၏ ဂူသင်္ချိုင်းဖြစ်နေပြီး သူ့အတွက်ခိုလှုံရာနေရာဖြစ်ခဲ့သည်။ ပိုင်ရှင်ဖြစ်သူဘုရင်ချောင်မှာ အောက်လမ်းပညာများကျင့်သုံးသဖြင့် မှုးမတ်များကဖြုတ်ချကာ အရှင်လတ်လတ်ဂူသွင်းခံခဲ့ရသည်။ ထို့နောက် ချောင်ဘုရင်သည် မိမိကိုယ်ကိုယ်အောက်လမ်းဖြင့်စီရင်ခဲ့ပြီး ခန္ဓာမဲ့ ဝိဉာဉ်ဘဝဖြင့်နှစ်ပေါင်းငါးရာခန့် ဂူသွင်းခံရပြီးနောက် မင်းသားချီဟွေ့ရောက်လာသောအခါ သေအံ့စဲစဲ ချီဟွေ့၏ကိုယ်ခန္ဓာကို အပိုင်စီးလိုက်သည်။

အငှားခန္ဓာကိုယ်ဖြင့် သူ၏အစွမ်းများကိုလိုသလိုအသုံးပြုနိုင်သော်လည်း ဤခန္ဓာကိုယ်အားအချိန်ကြာကြာအသုံးပြုနိုင်ရန် လူသွေးကိုအာဟာရပြုနေရသည်။

ဓားပြရွာမှ နတ်ဆရာသည်သူ၏ညာလက်ရုံးဖြစ်ပြီး သွေးစုပ်ရန် သားကောင်များကို ဂူထဲအရောက်ပို့နေသည်မှာသုံးနှစ်ရှိပြီဖြစ်သည်။
လူသွေးအမျိုးအစားထဲတွင် အပျိုစင်သွေးသည် အသန့်ရှင်းဆုံးနှင့် အရသာအရှိဆုံးဖြစ်သည်။ မီတာတစ်ထောင်အတွင်း လူသွေးအနံ့ကိုကောင်းစွာအနံ့ခံနိုင်သော သူသည် ယနေ့ညတွင်ဂူထဲရောက်ရှိလာသော မိန်းကလေး၏သွေးကိုအနံ့ခံ၍မရခဲ့...

I'm Not A Villian(oc) (Completed)Hikayelerin yaşadığı yer. Şimdi keşfedin