အပိုင်း ၃၁

1.8K 203 5
                                    

အပိုင်း ၃၁

ဗီဒီယိုကိုကြည့်ပြီး ရှင်းယာအတော်လေးအံ့သြသွားသည်။ ရုတ်တရက် ဂိမ်းတီထွင်သူကိုသိချင်သွားသဖြင့် ဝဘ်ဆိုဒ်ထဲမွှေနှောက်ရှာကြည့်လိုက်ရာ ဂိမ်းအကြောင်းရှင်းလင်းပြောကြားနေသော စီအီးအို ရှယွင်ဖန်း၏ဗီဒီယိုကိုတွေ့သွားတော့သည်။

...ဒါက...သခင်???...

ရှင်းယာ ဝုန်းခနဲထရပ်လိုက်ပြီး ပြေးထွက်သွားတော့သည်...
အအေးသောက်နေသော ချန်ရှင်းနှင့် အန်းရန်ရှီတို့မှာ ရှင်းယာ၏အပြုအမူကြောင့်အံ့အားသင့်သွားကြပြီး ပိုက်ဆံရှင်းကာ ရှင်းယာနောက်အပြေးလိုက်သွားကြသည်။

သို့သော်လည်း သူမတို့ ကုန်တိုက်ရှေ့သို့ရောက်သောအခါ တက္ကစီတစ်စီးပေါ်တွင်ပါသွားသောရှင်းယာကိုတွေ့လိုက်ရတော့သည်...

"ကလေးမ ဘယ်ကိုပို့ပေးရမလဲ''

"ဂလက်စီနည်းပညာ ကုမ္ပဏီ''

သူမထိုကုမ္ပဏီရှေ့သို့ရောက်သောအခါ တွေဝေမနေဘဲအထဲဝင်လိုက်သည်။ သူမ၏စိတ်ထဲတွင် သူမမက်ခဲ့သောအိပ်မက်သည်အမှန်ဖြစ်နေပြီး သူမ ချစ်ခဲ့သောသူသည် အပြင်လောကတွင်အမှန်တကယ်ရှိနေသည်လော???

ထိုသူကရော သူမကိုမှတ်မိနေလိမ့်မလား???

သို့သော်လည်း ကုမ္ပဏီဝင်​ေပါက်ရှိ လုံခြုံရေးဂိတ်အရောက်တွင် သူမ ဆက်သွားလို့မရတော့ပေ...

ဝန်ထမ်းကဒ်ရှိမှ ဝင်ထွက်ခွင့်ရှိသောထိုနေရာတွင် သူမကြံရာမရဖြစ်နေမိသည်။


...ဒီတိုင်းခွကျော်သွားလိုက်ရမလား...

သေချာပေါက် ထိုသို့လုပ်မည်မဟုတ်ပါ။ သူမ ထိုသို့အတင်းဝင်သွားပါက လုံခြုံရေးဝန်ထမ်းများ၏ ဆွဲထုတ်ခြင်းကိုခံရပေလိမ့်မည်။ ထိုသို့အရှက်မဲ့သည့်ကိစ္စမျိုးတော့ သူမမလုပ်နိုင်ပါ။

ထိုစဥ်လုံခြုံရေးဝန်ထမ်းနှစ်ယောက်က သူမ ကုမ္ပဏီဝန်ထမ်းမဟုတ်ကြောင်းသတိပြုမိသွားပြီး သူမဆီကိုသံသယဖြစ်စွာပင် ရောက်လာကြတော့သည်။

"မိန်းကလေးက ဒီကဝန်ထမ်းမဟုတ်ဘူးမလား ဘယ်သူနဲ့တွေ့ချင်လို့လာတာလဲ''

I'm Not A Villian(oc) (Completed)Where stories live. Discover now