အပိုင်း ၂၄

Start from the beginning
                                    

"ဟုတ်ပါပြီ အမေရယ် ဒါနဲ့ အကျီရွေးနေတာလား ဟိုဝမ်းဆက်လေးဆိုရင်ရော သက်ြန်‌ဆိုတော့ အဲ့အရောင်လေးနဲ့လိုက်တယ် "

သမီးကြီးရွေးးပေးသည်မှာ အဝါခံကိုအပေါ်က လီလီပန်းလိုမျိုးကို အသားရောင်အပွင့်အကြီးကြီးတွေနဲ့

"သမီးကြီးကတော်လိုက်တာ မေမေဒါပဲဝတ်သွားမယ် ဒါနဲ့မနက်ဖြန်ဘယ်သွားစရာရှိလဲသမီး "

"မရှိပါဘူး မေမေ အိမ်မှာ နောင့် နဲ့ပဲနေမှာပါ "

သမီးငယ်ရဲ့စာမေးပွဲကလည်းပြီးသွားတဲ့အတွက်ကြောင့် အိမ်မှာ ညီမနှစ်ယောက် အဖော်ရနေသည်

............

ဘုရားပေါ်ကနေလှမ်းကြည့်လိုက်ရင် လွမ်းမောစရာတောင်‌တန်းတွေ ရှမ်းပြည်ဆိုတော့ ဘယ်နေရာကြည့်ကြည့် တောင်တန်းကအပြည့် ရှမ်းပြည်မှာမွေးတဲ့သူမို့ တောင်တန်းတွေကိုချစ်တယ်ဆိုတာလည်းမမှား

အဝေးမှလည်း သက်ြန်တေးသီချင်းများပျံ့လွင့်နေသည်

"🎵မြူးကြွတဲ့တေးသံ ပျံ့လွင့်လို့နေ 🎵ကူးပြောင်းစတန်ခူးလေမှာ🎵 တယောက်တလှည့်မို့လှမ်းကာ ဖြန်းပတ်ကြစဉ်🎵 ပိတောက်ဖူးလေးတွေပန်ဆင်ထားသူရေ 🎵ခေါင်းလေးမော့လို့ ပိတောက်ပန်းလေးတွေပန်ဆင်ထားသူရေ...🎵"

*ဒါနဲ့ ဟိုကလေးမ နောက်ကျနေပြီ ၁၅မိနစ်တောင်

နာရီကို ကြည့်ရင်း စိတ်ကောက်ချင်စပြုလာပြီ

"အန်တီ...."

ချိန်းထားတဲ့နေရာကို အရင်ရောက်နှင့်နေသော
အန်တီ့ကို ရှိန်း လှမ်းခေါ်လိုက်သည် ပြန်တောင်မထူး နောက်ကျလို့ စိတ်ဆိုးနေတာပဲဖစ်မယ်

အဝေးကနေ ရှိန်းလှမ်း‌ကြည့်လိုက်တော့ ဘုရားရင်ပြင်တောင့်နားလေးမှာ အဝါဝမ်းဆက်နဲ့ ကျက်သရေရှိစွာ ကျုံကျုံလေးထိုင်နေတဲ့ အန်တီ
ဒုတိယအကြိမ်မြောက်

"အန်တီလို့ .."

"........"

"ဟာ ခေါ်နေတယ်လေကွာ အန်တီကလည်း..."

ပြောရင်းဆိုရင်း အန်တီ့ဘေးနားထိုင်ချလိုက်သည်

"ဘာတုန်း...."

ငယ်သူမို့ (completed)Where stories live. Discover now