Seokjin;"ရပါတယ်ဆိုဗျာ...ကျွန်ဝောာ်သူများတွေလိုပဲဒီမှာပဲစားမယ်..."

"ကိုယ့်ကိုစိတ်မကောင်းဖြစ်အောင်တော့မလုပ်ပါနဲ့နော် လိုက်ခဲ့ပါ..."

မျက်ဝန်းဝိုင်းတွေမျက်ရည်စတစ်ချို့ရစ်ဝဲကာပြောလာတဲ့ လူကြောင့် ဆော့ဂျင်ဘယ်လိုလုပ်ငြင်းရက်တော့ပါ့မလဲ~

ကလေး‌ဆိုးလေးနဲ့တူနေတဲ့အားနည်းချက်က သူ့ကိုအနိုင်ပိုင်းသွားသယောင်~

ဓာတ်လှေကား ပွင့်လာသည်နှင့်သူ့လက်ကိုဆွဲကာ ၁၆ ထပ်မြှောက်အလွှာသို့ နှိပ်လိုက်တဲ့ Mr Jeon…

လက်ကိုလည်းတစ်လျှောက်လုံးလွှတ်မပေးဘဲ ဆုပ်ကိုင်ထားကာ သူ့ကိုလည်းလှည့်လှည့်ပြုံးပြလာသေးသည်…

Mr Jeon က ရွှေ‌ရောင်ငွေရောင် ရောစပ်ထားတဲ့တံခါးတစ်ခုရှေ့မှာရပ်လိုက်ပြီး သူ၏လက်မလေးကိုအသုံးပြု၍ တံခါးအဝကလက်ပွေရာနှိပ်တဲ့နေရာမှာ လက်မလေးနှိပ်လိုက်တာနဲ့ နှစ်ဖက်ခွဲကာပွင့်လာသည့်တံခါးနှစ်ဖက်…

အခန်းပတ်လည်ကိုအကြည့်ပို့မိတော့ ဆော့ဂျင်မျက်လုံးကျိမ်းလောက်အောင်ကို ရွှေရောင် ငွေရောင်တစ်လက်လက်ဖြစ်နေလေသည်...

Mr Jeon က သူ့အတွက် ခုံရှည်လေးကိုဆွဲထုတ်ပေးသည်~Mr Jeonကတော့သူနဲ့မျက်နှာချင်းဆိုင်‌ နေရာမှာဝင်ထိုင်သည်…

ဆော့ဂျင်တစ်ချက်ဆွံ့အသွားခဲ့သည်…မျက်စိအစုံက သူ့ရှေ့ကစားပွဲပေါ်အကြည့်ပို့မိတော့ ပါးစပ်လေးအနည်းငယ်ဟကာ အံ့ဩမှင်သက်မိသွားသည်...သူ့‌ရှေ့မှာရှိနေတဲ့ဟင်းပွဲပေါင်းစုံကြောင့် လူကလန့်ဖြန့်သွားရတဲ့အဆင့်အထိဖြစ်ရသည်....

အစားအစာတွေကနည်းတာမှမဟုတ်တာ~

သူအရမ်းသဘောကျရတဲ့ California Cabernet Sauvignon ဝိုင်ပုလင်းနှင့်အတူ California White Wine ကိုလည်းစားပွဲပေါ်တွင်တင်ထားသေးသည်...

သိပ်မကြာ ဟင်းပွဲပေါင်းစုံနာမည်တွေကိုရှင်းပြလာတဲ့ Mr Jeon....

တချို့ဟင်းပွဲနာမည်တွေဆို သူအခုမှကြားဖူးတာ~

___

Lobster လေးတွေကိုအခွံနွှာကာသူ့ပန်းကန်ထဲကိုထည့်ပေးလာတဲ့ သူ့ရှေ့ကလူ~

Opposite Love 🔄(Complete)Where stories live. Discover now