ရီရီမွန်မွန်လေး... ဗမာလည်းဆန်ပါ့ရှင်.''

ဦးမောင်လည်းဘာမှမပြောပဲနားထောင်နေသည်။ အသက်ကသမီးမိန်းကလေးလိုချင်

တာမှတစ်ပိုင်းကိုသေနေတာပဲမှတ်လား..

"ကျွန်မလေ ပျိုလေးကိုမြင်တော့ကိုယ့်ကိုယ်ကိုယ်တောင်ရှက်မိတယ်..''

"ဟင် ဘာဖြစ်လို့လဲ..''

"ယောက်ျားအရင့်အမာကြီးတစ်ယောက်က

ပြုစုပျိုးထောင်ခဲ့တဲ့ကလေးကဒီလိုမျိုးယဉ်

ကျေးသိမ်မွေ့ပြီး..

ဖွားအေ..ဖအေ၊ကောမအေကောရှိပါလျက်

ကျွန်မတို့သားကြတော့လေ..''

ဪ နောက်ဆုံးတော့ဒီဘူတာပဲဆိုက်တာပဲ..

လွတ်လပ်ခြင်း ဘယ်လိုဆိုးကြောင်းမိုက်ကြောင်း..

အမြဲတမ်းသူတစ်ပါးသားသမီးနဲ့နှိုင်းယှဉ်ပြီး

ကိုယ့်သားကိုယ်နှိမ်နေရတာ ပျော်လို့လားမာမီ..

ခြင်းကဒီနေ့မှအစောကြီးအိမ်ပြန်ရောက်နေပြီး

အောက်ထပ်ကနောက်ဖက်ခန်းထဲမှာပင်ရှိနေတာ

ဖြစ်သည်။

ဒါကိုဒေါ်သက်လျာမမြင်သလို..ဦးမောင်လည်း

တားချိန်မရလိုကပါ။

နောက်ဘက်ကထွက်လာတဲ့ခြင်းက..သူတို့

ကိုတစ်ချက်စောင်းကြည့်ပြီး..လှေကားထစ်

တွေကိုရန်သူလိုနင်းပြီးတတ်သွားလေသည်။

ကိုယ့်ကိုလာနှိုင်းယှဉ်တဲ့မိန်းကလေးကဘယ်

သူမှန်းမသိပေမယ့်..စိတ်ထဲမှာတော့ချဉ်ချဉ်

တူးတူး..

ခြင်းကိုအကောင်လိုက်မြင်မှ သူ့အမေ...

"ဟင်..သား သားကအိမ်မှာရှိနေတာလား..''

အသက်တို့ကလုပ်ချလိုက်ပြန်ပြီဟေ့..

======-===================

နေ့လည်စာစားချိန်ကတော့ကျော်နေပြီ..

ဟော်တယ်မှာပဲဒင်ဆန်းစားပါမယ်ဆို..မျိုးကို

ကဒီဆိုင်မှာဗမာထမင်းဟင်းအရမ်းစားကောင်းတာဟု.. အတင်းခေါ်သဖြင့်လိုက်လာရသည်။

ရင်ခွင်ရိုင်း {Complete}Where stories live. Discover now