သူ့ရဲ့ တင်ထားတဲ့ပို့စ်က ဘယ်နှစ်ရက် တောင်ကြာနေပြီလဲ ဟမ်။

ကွမ်ယိရွှမ်: { မင်းအခု အလုပ်ရပြီလား?  ကိုယ့်ဘေးမှာ အလုပ်လုပ် ဖို့မင်းစိတ်ဝင်စားလား? }

( သမီးစိတ်ဝင်စားတယ် ကိုကြီး 😌)

ကျန်းရှုက တစ်ချက် မတွေးပဲ ငြင်းပယ်လိုက်တယ်။

{ ဟင့်အင်း ၊ ဒီနေ့ ကျွန်တော်က အင်တာဗျူး လာဖြေတာလေ။ မကြာခင်ပဲ အလုပ်ရလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ }

ကွမ်ယိရွှမ် :{ ဒါဆိုလည်း အိုကေဗျာ ။ တကယ်လို့ မင်းလာချင်တယ်ဆို ရင်ကိုယ့်ကို ပြောရုံပဲ }

{အိုကေ }

ကျန်းရှု က စာပို့ပြီးတော့  မျက်နှာပြင်ကို ငေးစိုက်ကြည့်နေမိတယ်။

ကွမ် မျိုးရိုးကောင်ကို သေချာတွေးကြည့်မယ် ဆိုရင်လည်း သူက အတော့်ကို ကောင်းတဲ့ လူတစ်ယောက် ပါပဲလေ။

ပထမ ဆုံး ငါတို့စတွေ့ကြတုံးက အရမ်းကို ရန်စောင်ခဲ့ကြတာ။ အဲ့တာကလည်း မိသားစုအတွက် တိုက်ခိုက်ကြ ချို့ယွင်းချက်တွေရှာကြရင်း ဖြစ်ပဲလေ။

ကျန်းရှုလည်း တစ်စုံတစ်ယောက် က သူ့ကို ချို့ယွင်းချက်တွေကနေ ကာကွယ်ပေးမယ့် လူတစ်ယောက် ကိုလိုချင်တယ်လေ။ ဒါပေမယ့် သူက မေးဖို့တောင် မတက်နိုင်ဘူး ။ သူက အန်တီကွမ်ကို တကယ်အားကျမနာလို မိတယ်ရယ်။

ကွမ်ယိရွှမ် ကို စာပြန်ပြီးတဲ့ နောက်မှာ ကျန်းရှုက အင်တာဗျူး ကုပ္မဏီ ကနေ ထွက်လာ ခဲ့တော့တယ်။

ကောင်ငယ်လေး တစ်ယောက်က ဖြောင့်တန်းနေတဲ့ လမ်းမကြီးပေါ်မှာ ရည်ရွယ်ချက်မဲ့စွာ နဲ့ပဲ လမ်းလျောက်လာတယ်။ သူ့ကို ကြည့်ရတာ ကိုယ်တွင်း အင်္ဂါတွေကို လှုဒါန်းဖို့ နေရာကို သွားရှာတော့မယ့် လူလိုဖြစ်နေတယ်။

( အဲ့တာ ဘယ်လိုပုံလဲဟင်)

လူတွေက နွေရာသီ အားလပ်ရက် မှာမို့ စျေးဝယ်စင်တာတွေ အတွင်းဝင်လိုက်ကြ ထွက်လိုက် ကြလုပ်နေခဲ့တယ်။ စီးပွားရေး သမားတွေကလည်း  ထိုလှုပ်ရှားမှုမှာ ပါဝင်နေခဲ့တယ်လေ။ အပူချိန် ၃၀ ထက်မလျော့တဲ့ နေရောင်အောက်မှာ စာနာမှုမရှိပဲ သူတို့ရဲ့ အလုပ်သမား အသစ်တွေကို အရုပ်ဝတ်စုံတွေ ဝတ်ခိုင်းပြီးတော့ လမ်းမပေါ် မှာ လက်ကမ်းစာစောင်တွေ ဝေခိုင်းနေတယ်လေ။

[Complete]လမ်းခွဲပြီးတဲ့နောက် ငါလက်ထပ်ပစ်လိုက်တယ်(mmtranslation)Where stories live. Discover now